တွံတေး စက်တင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနအနေဖြင့် မိုးတွင်းကာလဖြစ်ပွားတတ်သော တုပ်ကွေးရောဂါ၊ သွေးလွန်တုပ်ရောဂါများ မဖြစ်ပွားစေရေး အသိပညာပေးဟောပြောခြင်းနှင့် ဆေးဝါးကုသပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အတွင်းရှိ အ.လ.က(အမ္မတီ) ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦးက မိုးရာသီတွင်ဖြစ်တတ်သောရောဂါများနှင့် မှိုရောဂါအကြောင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးအရေးပါပုံတို့ကို အသိပညာပေး ဟောပြောခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ရာ ကျားလူကြီး(၅)ဦး၊ မလူကြီး(၁၀)ဦး၊ ကျောင်းသား(၁၇)၊ ကျောင်းသူ(၂၀)ဦး၊ စုစုပေါင်း(၅၂)ဦးတို့အား ယားနာ၊ အဆစ်နာ၊ ချောင်းဆိုး၊ ခေါင်းမူးခြင်း၊ သွေးအားနည်းခြင်း၊ မီးယပ်မမှန်ခြင်းတို့ကို ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။
တွံတေးသား