သာပေါင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်(၁၁၁၀)ဦးနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး(၂၁၆၂)ဦးတို့ကို (MCCT)အစီအစဉ်ဖြင့် ၁၄၀၈၆၅၀၀၀ သိန်း ထောက်ပံ့ပေးအပ်

သာပေါင်း အောက်တိုဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်(၁၁၁၀)ဦးနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေး(၂၁၆၂)ဦးတို့ကို ၁၄၀၈၆၅၀၀၀ သိန်းအား လူမှုဝန်ထမ်းဦးစီးဌာနမှ စက်တင်ဘာလ ၂၉ ရက်နေ့၊မွန်းလွဲ ၁ နာရီအချိန်က ပြည်အေးခန်းမ၌ ပေးအပ်ထောက်ပံ့ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်သွယ်သွယ်အေးမှ ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးရေး (MCCT) အစီအစဉ်တွင် အကျုံးဝင် အကျိုးခံစားခွင့်ရှိသူများ ကိုယ်ဝန်ဆောင်မိခင်(၁၁၁၀)ဦး၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေး(၂၁၆၂)ဦး၊ စုစုပေါင်း(၃၂၇၂)ဦးတို့ကို (ဧပြီလ၊‌မေလ၊ဇွန်လ)၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်အတွက်(၁၄၀၈၆၅၀၀၀)သိန်းအား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သွယ်သွယ်အေးတို့က သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ လက်ဝယ်သို့‌လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

မျိုးဇော်သိန်း