ဇီးကုန်း အောက်တိုဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြိုလဲနေအိမ်ထောင်စုအား ရိက္ခာနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
ဇီးကုန်းမြို့နယ်တွင် (၃၀-၉-၂၀၂၃)ရက်နေ့က သရက်တပင်ကျေးရွာအုပ်စု၊ အုတ်ဖိုစုကျေးရွာတွင် မင်းဘူးချောင်းရေ မြင့်တက်မှုကြောင့် ပြိုလဲပျက်စီးနေအိမ် တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀)ကျပ်၊ လူ(၃)ဦးအတွက်ဆန်ဘိုး (၆၃၀၀)ကျပ် စုစုပေါင်း(၁၀၆,၃၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ထောက်ပံ့ရေးပစ္စည်းပုံးတစ်ပုံးအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလတ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုမြတ်ထွေးတို့က အိမ်ထောင်စုဝင်များထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)