၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စမ်းသပ်သန်းခေါင်စာရင်း စတင်ကောက်ယူခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

လောက်ကိုင်  အောက်တိုဘာ ၁

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စမ်းသပ်သန်းခေါင်စာရင်း စတင်ကောက်ယူခြင်း ဖွင့်ပွဲအခမ်းအနားကို ‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအ‌ဝေးခန်းမတွင် ယနေ့နံနက် ၇ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးမှ အဖွင့်အမှာ စကားပြောကြားပြီး အတွင်းရေးမှူး ‌ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဇော်သန်းမှ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူမည့်လုပ်ငန်းစဉ်များအား ဒေသဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဦးမှ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ခရိုင်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင် ဒုတိယရဲမှူးကြီး ညွန့်လွင်ဦးက အမှတ်(၃)ရပ်ကွက်နှင့် ထင်ပါကျိုင်းကျေးရွာအုပ်စု ဥက္ကဋ္ဌများအား သန်ခေါင်စာရင်းကောက်ယူရေး တာဝန်ပေးအပ်လွှာများကိုလည်းကောင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းမြေ့ထွန်းမှ သန်ခေါင်စာရင်း ပစ္စည်းများကိုလည်းကောင်း၊ မြို့နယ်သန်းခေါင် စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ စာရင်းကောက်များအား စာရင်းကောက်ခန့်အပ်လွှာများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်သန်ခေါင်စာရင်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးကျော်ကျော်ဦး၊ ဒေသစီမံအုပ်ချုပ်‌‌ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းမြေ့ထွန်း၊ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ ခရိုင်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ အဖွဲ့ဝင် ဒုတိယရဲမှူးကြီး ညွန့်လွင်ဦး၊ အတွင်းရေးမှူး ဦးမျိုးဇော်သန်းနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရပ်ကွက်/ကျေးရွာအုပ်စု ဥက္ကဋ္ဌများ၊  ရပ်ကျေးစာရေးများ တက်ရောက်ခဲ့ကြသည်။ စမ်းသပ်သန်းခေါင်စာရင်းများကို အောက်တိုဘာလ (၁)ရက်နေ့မှစ၍ အောက်တိုဘာလ (၁၅)ရက်နေ့ထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ညိုညိုဝင်း(လောက်ကိုင်)