မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်တိုးချဲ့ တည်ဆောက်ခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

ပုသိမ်  အောက်တိုဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၍ တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော် တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော် မြတ်ကြီးရင်ပြင်တော်ပေါ်ရှိ တံခွန်တိုင်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အထက်ရင်ပြင်တော်နှင့် အောက်ရင်ပြင်အကြားရှိ မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ အောက်ရင်ပြင် (-12 to 0)level ကော်လံများ ကွန်ကရစ်လောင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ 0 level ကွန်ကရစ် ကျောက်ပုံး ကျောက်ခွက်များ ဆောင်ရွက်နေမှုများ၊ စေတီတော်ရင်ပြင်အောက်ဘက်ရှိ ကမ်းခြေဆင်း လမ်းဆောင်ရွက်မည့်အခြေအနေများနှင့် မြောက်ဘက်မုခ်ဦးလှေကား ဆောင်ရွက်နေမှုနှင့် ရေကန်နံရံများတည်ဆောက်မည့်လုပ်ငန်းများအားကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အခြေ အနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ​အောက်ရင်ပြင်တိုးချဲ့ ခြင်းလုပ်ငန်း​ဆောင်ရွက်စဥ်စေတီ​တော်ကြီး၏ အ​ပေါ်ရင်ပြင်​မြေထိန်းနံရံကြံ့ခိုင်​​စေရေး အတွက် ပါတစ်ပါတည်း​ဆောင်ရွက်ရန်၊ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီ ရန်၊ လာမည့်ဘုရားပွဲတော်ရာသီအမီပြီးစီးစေရေး လူအင်အားစက်ယန္တရားများဖြင့် အင်အား ပြည့်ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကာ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးအား ဖူးမြော် ကြည်ညိုခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၁)ရပ်ကွက်သို့သွားရောက်ခဲ့ရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးမှဟိုင်းကြီးကျွန်းအဝင်ရေလမ်းကောင်းမွန်စေရေးလုပ်ငန်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နုန်းတားကျောက်စီလှိုင်းကာ ၅၀၀ပေဆောင်ရွက်ခြင်းနှင့် သောင်တူး ခြင်းလုပ်ငန်းဆောင်ရွက်မည့်အခြေ အနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ရေလမ်းကြောင်းများ ရေရှည်ကောင်းမွန်စေရေး အစီအစဉ်များရေးဆွဲ ဆောင်ရွက်ရန်၊ တည်ဆောက်ရေးလုပ်ငန်းများအချိန်မီပြီးစီးစေရန်နှင့် ရေရှည်ကြံ့ခိုင်မှုရှိစေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)