သတင်းများ

သာပေါင်းမြို့နယ်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို သဲဖြူ၊အောင်တပ် ကျေးရွာအုပ်စုများသို့ သွားရောက် ဖြည့်ဆည်းဆောင်ရွက်ပေး
Oct 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် သဲဖြူ ကျေးရွာအုပ်စုနှင့်‌ အောင်တပ်ကျေးရွာအုပ်စုတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်း ဖြင့် ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ညှိ့နှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ (၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့ အခမ်းအနား  ကျင်းပ
Oct 01,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ (၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့ အခမ်းအနားကို  ယနေ့နံနက် ၉ နာရီအချိန်  မောင်တောခရိုင်ရဲတပ်ဖွဲ့မှူးရုံး  မေယုခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၄)မြို့နယ် တက္ကသိုလ်ပေါင်းစုံ ကလပ်အသင်းပေါင်းစုံနှင့် ဌာနပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Oct 01,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား(၄)မြို့နယ် တက္ကသိုလ်ပေါင်းစုံကလပ်ပေါင်းစုံးနှင့် ဌာနပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ   ၃ နာရီ ၃၀မိနစ်အချိန်က မိတ္ထီလာ မြို့နယ် ပေါက်ချောင်းအားကစားကွင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ကာလိမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်
Oct 01,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး  အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာ မူလတန်း မိုင်းယိုင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပူတာအို၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကျင်းပ
Oct 01,2023
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ(၁)ရက် နံနက်(၉)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ကျင်းပသည်။
မြန်မာစီးပွားစီမံအမှုဆောင်များအသင်း၏ (၁၅) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးကျင်းပ
Oct 01,2023
မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) သည် စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ရများနှင့်ဖွဲ့ စည်းထားပြီး ၂၀၀၈ ခုနှစ်မှ စတင်တည်ထောင်ကာ တာဝန်ယူမှုရှိသော စီးပွားရေး အလေ့အကျင့်ကောင်းများနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကိုဆောင်ရွက်ခဲ့ရာမှာ ယခုနှစ်တွင် (၁၅) နှစ်တာကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
မြစ်သားမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများအား (အခမဲ့) နယ်လှည့် ကျန်းမာရေး စောင့်ရှောက်မှုပေး
Oct 01,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာဘုန်းမြတ်ကို ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများသည် ကျေးလက်နေပြည်သူများအား နယ်လှည့်ကုသရေးလုပ်ငန်းများကို ယမန်နေ့နံနက် (၉)နာရီ အချိန်က ညောင်ဂျစ်အုပ်စု၊ ညောင်ဂျစ်ကျေးရွာ၌ (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်၌ ဆောင်းဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ပဲတီစိမ်း၊ မတ်ပဲများအထွက်နှုန်းတိုးတက်ရေး အသိပညာပေးဆွေးနွေး
Oct 01,2023
 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၃/၂၀၂၄ ခုနှစ် ဆောင်းဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ပဲတီစိမ်း၊ မတ်ပဲများအထွက်နှုန်းတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အိုင်ဂဒုံအုပ်စု၊ အိုင်ဂဒုံကျေးရွာ၌ ပြုလုပ်ခဲ့သည်။