အ-ထ-က(မဲဇလီကုန်း)တွင် ကျောင်းကြက်ခြေနီနှင့်‌ ရှေးဦးပြုစုခြင်းအကြောင်း အသိပညာပေးဟောပြော

အင်္ဂပူ   အောက်တိုဘာ   ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ အ-ထ-က (မဲဇလီကုန်း)ကျောင်းခန်းမ၌ မြန်မာနိုင်ငံကြက်‌ခြေနီအသင်း၊ အင်္ဂပူမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်း သိကောင်းစရာ ဟောပြောပွဲ ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာမဲဇလီကုန်းမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူး ဦးစိုးအောင်က ကြက်ခြေနီအကြောင်း သိကောင်းစရာများ ရှင်းလင်း‌ပြောကြားခဲ့သည်။ ထို့နောက် ဒု-မြို့နယ်တပ်ဖွဲ့မှူး ဦးဝင်းနိုင်နှင့်ဒုတပ်ခွဲမှူး ဦးသူရထွန်းတို့မှ ရှေးဦးပြုစုခြင်း လက်တွေ့သရုပ်ပြခြင်းဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/သူများမှ ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းအကြောင်းနှင့်ပတ်သက်ပြီး သိရှိလိုသည့်မေးမြန်းရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့သည်။

အဆိုပါအသိပညာ‌ပေးဟောပြောပွဲသို့  မဲဇလီကုန်းမြို့ မြို့အုပ်ချုပ်‌ရေးမှူးဦးနေလင်းဇော်၊  မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးစိုးအောင်နှင့် တာဝန်ရှိသူများ၊ အ-ထ-က (မဲဇလီကုန်း)ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား (၆၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)