သာစည်မြို့နယ် ကြာဘက်ကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ  အောက်တိုဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ကြာဘက်ကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအာ. ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  သိရသည်။

သာစည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့်  ကြာဘက်ကုန်းကျေးရွာတွင်  နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်(၁၅)သန်းနှင့်ပြည်သူထည့်ဝင်ငွေ ၄.၅ သန်းတို့ဖြင့်  ကျေးရွာတွင်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ၎င်းကျေးရွာတွင်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများမှာ    အရှည်ပေ ၇၀၀၊ အကျယ် ၁၂ပေ ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးပြီး   ရာခိုင်နှုန်းအားဖြင့် ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ရာ ၎င်းလုပ်ငန်းပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၃၇၄ အိမ် လူဦးရေ ၁၇၇၃ ဦးတို့မှာ ရာသီမရွေး သွားလာရေးအဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)