တောင်သာ အောက်တိုဘာလ ၂
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ အရင်းမပျောက် မတည်ရန်ပုံငွေ အဋ္ဌမအကြိမ် ပြန်လည်ထုတ်ချေးပေးခြင်းကို ယမန်နေ့က ကျည်ကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လင်းလင်းနွယ်က စီမံကိန်းအကြောင်းများ၊ ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေပါ ပြည်သူတို့၏ တာဝန်နှင့်ရပိုင်ခွင့်များအကြောင်း ရှင်းလင်းနွေးကာ စီမံကိန်းချေးငွေဖြင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်ကြရန်မှာကြားသည်။
ယင်းနောက် အဋ္ဌမအကြိမ်မြောက် စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၄၈၄.၅ သိန်းအား ကျေးရွာလုပ်ငန်းအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျေးရွာလုပ်ငန်းအဖွဲ့မှ အသင်းသားများထံ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန် တောင်သူ ၃၄ ဦးကို ကျပ် ၂၀၃ သိန်း၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရန် အသင်းသား ၅၇ ဦးကို ၂၈၁.၅ သိန်း၊ စုစုပေါင်း အသင်းသား ၉၁ ဦးကို ၄၈၄.၅ သိန်းကို ပြန်လည်ထုတ်ချေးပေးနေမှုတို့အား စီမံကိန်းတာဝန်ခံ ဒေါ်စန်းစန်းမြင့်နှင့် ဝန်ထမ်းများက အနီးကပ် ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)