(၆၈)ကြိမ်မြောက် ကရင်ပြည်နယ်နေ့ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပိုင်ကျုံ   အောက်တိုဘာ  ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်တွင် ကျရောက်မည့် (၆၈)ကြိမ်မြောက် ကရင်ပြည်နယ်နေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ယမန်နေ့က ပိုင်ကျုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါလုပ်ငန်းညှိုနှိုင်းအစည်းအစည်းအဝေးတွင် လှိုင်းဘွဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဝင်းသန်းက (၆၈) ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့ကို စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်အတွက် ပိုင်ကျုံမြို့အနေဖြင့် ဒုံးယိမ်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် လိုအပ်သည့် အထောက်အပံ့များအား ပူးပေါင်းကူညီဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆွေးနွေးခဲ့ပြီးနောက် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူးက ဒုံးယိမ်းပြိုင်ပွဲတွင် အဆင်ပြေစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ဒုံးယိမ်းအက ကျင့်မည့်နေရာရွေးချယ်ခြင်း၊ ဆပ်ကော်မတီများဖွဲ့စည်းခြင်းနှင့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လူငယ်မောင်မယ်များ ရွေးချယ်ခြင်းအစီအစဉ်များကို ဆွေးနွေးခဲ့သည်။

ထိုအစည်းအဝေးတွင် တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိများတို့က ပြိုင်ပွဲကို အဆင်ပြေစွာပါဝင်ယှဉ်ပြိုင်နိုင်ရေး အတွက် မိမိတာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)