သတင်းများ

မိုင်းဆတ်မြို့နယ်၊ အ.ထ.က(ခွဲ)မိုင်းတွမ်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပပြုလုပ်
Oct 19,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းကျေးရွာရှိ အ.ထ.က(ခွဲ) မိုင်းတွမ်းကျောင်း၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ယမန်နေ့နံနက်(၉)နာရီခွဲက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် သဘာဝဘေးရေလွှမ်းမိုးခံရသော ရပ်ကွက်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်း
Oct 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် သဘာဝဘေးရေလွှမ်းမိုးခံရသော (၁၂၅၊ ၁၃၈) ရပ်ကွက်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ အိမ်ထောင်စုများသို့ စားသောက်ကုန်ပစ္စည်းများကို ယနေ့မွန်းလွဲပိုင်းက သွားရောက်လှူဒါန်းခဲ့ကြသည်။
ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်တွင် မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ရပ်ရွာအခြေပြုထိုးနှံပေး
Oct 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၃၃)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်  အသက်(၉)နှစ်ပြည့်ပြီး(၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ် Community Centre ခန်းမတွင် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများပြုလုပ်
Oct 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က ကဗျာရွတ်၊ ပုံပြောခြင်း၊ ပြိုင်ပွဲများကိုကျင်းပပြုလုပ်ရာ မင်္ဂလာဒုံမူလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး လာရောက်ယှဥ်ပြိုင်ခဲ့ကြသည်။
လားရှိုးမြို့တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဖိတ်ခေါ်ဘတ်စကက်ဘောပြိုင်ပွဲ ကျင်းပမည်
Oct 19,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ကြီးမှူးကျင်းပမည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဖိတ်ခေါ်ဘတ်စကက် ဘောပြိုင်ပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ မိုးစပါး ကောက်ရင်စပါးများစတင်ရိတ်သိမ်း
Oct 19,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးစပါးကောက်ရင်စပါးများကို အောက်တိုဘာလ ဒုတိယပတ်မှစတင်၍ ရိတ်သိမ်းလျက်ရှိကြောင်းသိရသည်။
ပေါင်မြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
Oct 19,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ပေါင်မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်တွင် ပြည်သူလူထုအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေး
Oct 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ရပ်ကွက်နေပြည်သူလူထုအခြေပြုလျက် အသက်(၉)နှစ်ပြည့်ပြီးနှင့် အသက်(၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးခြင်းကို အောက်တိုဘာလ(၁၉)ရက်နေ့ နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်၊ (၃၅)လမ်း(အထက်)ရှိ ဓမ္မရံသီဓမ္မာရုံတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရသည်။