ပေါင် အောက်တိုဘာ ၁၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ပေါင်မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ချေးငွေများထုတ်ချေးပေးမှုနှင့်ပတ်သက်၍ ပေါင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာဦးယဥ်ဌေးက ချေးငွေထုတ်ယူသည့် တောင်သူများအားလိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်မန်နေဂျာနှင့်ဝန်ထမ်းများက ထုတ်ချေးပေးလျက်ရှိရာ ယနေ့ကျားဘိုကျေးရွာသို့ နေကြာစိုက်တောင်သူ(၂၆)ဦးအား တစ်ဧကလျှင် (၁၀၀၀၀ဝိ/-)နှုန်းဖြင့် နေကြာစိုက်ဧက(၁၅၄)ဧကအတွက် (၁၅၄)သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ချေးငွေထုတ်ယူမည့် ကျေးရွာပေါင်း(၂၃)ရွာရှိပြီး တစ်ဧကလျှင် နွေစပါး(၁၅၀၀၀ဝိ/-)နှုန်းဖြင့်လည်းကောင်း၊ ပဲမျိုးစုံ၊ နေကြာတစ်ဧကလျှင် (၁၀၀၀၀ဝိ/-)နှုန်းဖြင့်လည်းကောင်း၊ စိက်ဧက(၉၆၀၀)အတွက် စုစုပေါင်းချေးငွေပမာဏ သိန်းပေါင်းတစ်သောင်းလေးထောင် ထုတ်ချေးရန်လျာထားကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
မြို့နယ်(ပြန်/ဆက်)