သတင်းများ

သထုံမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Oct 05,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ ဉာဏ်ဝေယံခန်းမ၌ ကျင်းပခဲ့သည်။
မန်ကန်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် စာအုပ်စာစောင် အခမဲ့ငှားရမ်းပေးခြင်း ဆောင်ရွက်
Oct 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုကြိုဆိုအားဖြင့် ဟောပြောပွဲနှင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့ မန်ကန်မြို့နယ်၊ ငှက်ကာကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကျင်းပ
Oct 05,2023
မန္တလေးတိုင်းဒေကြီး၊ ရမည်းသင်းမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က ရမည်းသင်းမြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
Oct 05,2023
ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများသည် နိုင်ငံ၏တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်နှင့်အညီ အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ရန်ကုန်မြို့တာမွေမြို့နယ်ရှိ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့သည်။
ဖောင်းပြင်မြို့၌ ကျောင်းသား/ကျောင်းသူများ အသိပညာပေး ဗဟုသုတရရှိရေးဆောင်ရွက်
Oct 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် (၁၀)နာရီအချိန် က အမက(၂)မူလွန်ကျောင်း၌ ပြန်/ဆက်ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဆောင်ရွက်ကြောင်း သိရသည်။
မက်မန်းမြို့နယ်တွင် တိရစ္ဆာန်အစာ နေဗီယာမြက်မျိုးစိတ်များ အောင်မြင်စွာစိုက်ပျိုးဖြစ်ထွန်းလျက်ရှိ
Oct 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် တိရစ္ဆာန်များ အောင်မြင်စွာမွေးမြူနိုင်ရေး၊ တိရစ္ဆာန်အစာများလုံလောက်စွာ ရရှိနိုင်ရေးအတွက် တိရစ္ဆာန်အစာ နေဗီယာမြက်မျိုးစိတ်များကို မက်မန်းခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် စမ်း သပ်စိုက်မျိုးခဲ့ရာ ယခုအခါတွင် အောင်မြင်စွာစိုက်ပျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေး
Oct 05,2023
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဝဇိရာနန္ဒသုဗောဓာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇောတိဝရ မထေရ်မြတ်အား  သွားရောက်ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
မိုးမောက်မြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အာစရိယပူဇော်ပွဲကျင်းပ
Oct 05,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အာစရိယပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ က ကျင်းပခဲ့ကြောင်း သိရသည်။