ဒဂုံမြောက် အောက်တိုဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၃၃)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အသက်(၉)နှစ်ပြည့်ပြီး(၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးမည့် အသက်အရွယ်မှာ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ၁.၉.၂၀၁၁ မှ ၃၁.၈.၂၀၁၄ အတွင်း မွေးဖွားပြီး အသက် ၉ နှစ်ပြည့်ပြီး မှ ၁၂ နှစ် မကျော်သော မိန်းကလေးငယ်များအား ထိုးနှံပေးသွားမည်ဖြစ်ပြီး မြို့နယ်အတွင်း ရပ်ရွာအခြေပြုကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို အောက်တိုဘာလ ၁၆ ရက်နေ့က စတင်ထိုးနှံပေးခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမ ဒေါ်ဉမ္မာလွင်ဦးစီး၍ ကျန်းမာရေးဝန်ထမ်းများကထိုးနှံပေးခဲ့ရာ ရပ်ကွက်တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)