သာယာဝတီမြို့နယ်၌ ပန်းတိုင်အထွက်နှုန်းပြည့်မီရေး တောင်သူနည်းပညာပေးဆွေးနွေးပွဲကျင်းပ
Oct 19,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဆောင်းသီးနှံ ပန်းတိုင်အထွက်နှုန်းပြည့်မီရေးနှင့် သုံးသီးစိုက်ဧကများ လျာထားဧကပြည့်မီကျော်လွန်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီမှ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လှည်းလမ်းကူးအုပ်စု၊ ရေတိုက်ကျေးရွာနှင့် အင်းကောက်ကြီးကျေးရွာတို့တွင် ကျင်းပခဲ့သည်။