သတင်းများ

မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Oct 20,2023
ရန်ုကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ငံ​၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲအောင်မြင့်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၉)နှစ် ပြည့်ပြီး(၁၂)နှစ် မကျော်သော အမျိုးသမီးငယ်များအား ပြည်သူလူထုအခြေပြု သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV)ရာနှုန်းပြည့် ထိုးနှံပြီးစီး
Oct 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော အမျိုးသမီးငယ်များအား ယမန်နေ့နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်ကလေးဌာနခွဲတွင် သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) အခမဲ့ စတင်ထိုးနှံပေးလျက်ရှိသည်။
သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၌ သဲပုံစေတီပွဲကျင်းပ
Oct 20,2023
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မွန်လူမျိုးတို့၏ ရိုးရာဓလေ့သဲပုံစေတီပွဲကို ယမန်နေ့နံနက်ပိုင်းက ကျိုက္ခမီမြို့ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ပုရဝုဏ်အတွင်း သဲသောင်ပြင်၌ ကျင်းပခဲ့သည်။
ပေါင်မြို့နယ်၌ ဆေးဝါးမှတ်ပုံတင်ခွင့်ပြုအမှတ်မပါရှိသော တရားမဝင်တင်သွင်း ဖြန့်ချီလျက်ရှိသည့် အမှတ်တံဆိပ်ဆေးနှင့်စပ်လျဉ်း၍ ဈေးကွက်စစ်ဆေး
Oct 20,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ဆေးဝါးမှတ်ပုံတင်ခွင့်ပြုအမှတ်မပါရှိသော တရားမဝင်တင်သွင်းဖြန့်ချီလျက်ရှိသည့် အမှတ်တံဆိပ်ဆေးနှင့်စပ်လျဉ်း၍ ဈေးကွက်စစ်ဆေးခြင်းကို အောက်တိုဘာလ ၁၈ ရက်နေ့မွန်းလွဲ (၂) နာရီအချိန်က မြို့ပေါ်ရပ်ကွက်အတွင်းရှိဆေးဆိုင်များ၌ စစ်ဆေးခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ ကြံလမိုင်းခင်းအထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်ခြင်းနှင့် စနစ်တကျ ခုတ်သိမ်းခြင်း နည်းပညာပေးဆွေးနွေးပွဲကျင်းပ
Oct 20,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲဇုံအတွင်းရှိ တင်းကုတ်တန်း‌ကျေးရွာ၊ ညောင်လွင့်‌ကျေးရွာ၊ မြေစီး‌ကျေးရွာ၊ ညောင်ခြေထောက်‌ကျေးရွာ၊ ဘုရားနှစ်ဆူ‌ကျေးရွာနှင့် ဂုံမင်းသာကျေးရွာအုပ်စုအတွင်းရှိ‌ ကြံစိုက်တောင်သူများအား ကြံလမိုင်းခင်း အထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ပြင်ဆင်ရမည့် လုပ်ငန်းစဉ်များနှင့် ကြံလမိုင်းခင်းအတွက် ကြံစနစ်တကျခုတ်သိမ်းခြင်း နည်းပညာပေးဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က တင်းကုတ်တန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဝင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
သနပ်ပင်မြို့နယ်၌ ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးစိုက်ဧကများ ထိခိုက်ပျက်စီးမှုလျော့နည်းစေရေး ဆောင်ရွက်ပေး
Oct 20,2023
သနပ်ပင်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးစိုက်ခင်းများအား ထိခိုက်ပျက်စီးဆုံးရှုံးမှုလျော့နည်းသက်သာစွာဖြင့် ရိတ်သိမ်းနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်စီစဥ်ပေးမှုဖြင့် ယမန်နေ့နံနက်ပိုင်းက ရိတ်သိမ်းခြွေလှေ့စက် (၅) စီးဖြင့် ကျေးရွာများအရောက် ရိတ်သိမ်းဆောင်ရွက်ပေးလျက်ရှိသည်။
ဗန်းမော်မြို့တွင် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ ကျင်းပ
Oct 20,2023
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြု သင်တန်းကျောင်းတွင် အပတ်စဉ်(၁၇) သူနာပြု-သားဖွား ဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပွဲ အခမ်းအနား ကို ယမန်နေ့မွန်းလွဲ ၁ နာရီခန့်က  အဆိုပါ သင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြိတ်မြို့တွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 19,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီမှ ဦးစီးသည့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက မြိတ်မြို့ မြိတ်တောင်ရပ်ကွက် ဇေယျာသီရိ(၁) ဓမ္မာရုံတွင် ပြုလုပ်သည်။