လားရှိုး အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ကြီးမှူးကျင်းပမည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဖိတ်ခေါ်ဘတ်စကက် ဘောပြိုင်ပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲကို အလွတ်တန်း ( အမျိုးသား ) ၊ အလွတ်တန်း (အမျိုးသမီး )ဟူ၍ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲ ကို နိုဝင်ဘာလ ၁၂ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်းသိရသည်။
ပြိုင်ပွဲပြီးဆုံးမည့်နေ့မှာ ပြိုင်ပွဲဝင်အသင်း အနည်းအများပေါ်တွင် မူတည်၍ ကျင်းပသွားမည်ဖြစ်သည်။
ပြိုင်ပွဲဝင်လိုသည့်အသင်းများအနေဖြင့် လားရှိုးမြို့၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် စာရင်းပေးသွားနိုင်ပြီဖြစ်ပြီး ပြိုင်ပွဲဝင်လျှောက်လွှာများကို နိုဝင်ဘာလ ၁၀ ရက်နေ့ထိ လက်ခံသွားမည်ဖြစ်ကာ ပွဲစဉ်ဇယားကို နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် မဲနှိုက်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)