မင်္ဂလာဒုံမြို့နယ် Community Centre ခန်းမတွင် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများပြုလုပ်

မင်္ဂလာဒုံ အောက်တိုဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က ကဗျာရွတ်၊ ပုံပြောခြင်း၊ ပြိုင်ပွဲများကိုကျင်းပပြုလုပ်ရာ မင်္ဂလာဒုံမူလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး လာရောက်ယှဥ်ပြိုင်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သီရိဖြိုးအောင်မှ ကာယဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားရာတွင် ကလေးသူငယ်များအနေဖြင့် ကာယစွမ်းအား၊ ဉာဏစွမ်းအားတိုးတက်မှုရှိစေရန် ငယ်ရွယ်စဥ်မှစ၍ ပြုစုပျိုးထောင်ပေးသင့်ခြင်း၊ အကျင့်စာရိတ္တကောင်းမွန်စေရန်လိုက်နာသင့်သည့်အချက်များ၊ စာဖတ်ခြင်း၏ အကျိူးကျေးဇူးများကို အသိပညာပေးဟောကြားခဲ့သည်။

ဆက်လက်၍ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ခုံလုပွဲ၊ ပူဖောင်းဖောက်ပြိုင်ပွဲ၊ ခြေလက်ထောက်ခြင်းပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ သရေကွင်းလက်ဆင့်ကမ်းပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ပြီး ကျောင်းအတွက်လိုအပ်သည်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလှူဒါန်းပေးခဲ့ကာ ကျောင်းသား၊ ကျောင်းသူများအား အအေးနှင့်မုန့်များ ကျွေးမွေးခဲ့ကြောင်းသိရသည်။

ဌေးလင်း(မင်္ဂလာဒုံ)