သတင်းများ

ကျောင်းသား/သူ လူငယ်များအချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန် မြိတ်မြို့ အ.ထ.က(၄)တွင် လူငယ်စကားဝိုင်းကျင်းပ
Oct 05,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို အ.ထ.က(၄)မြိတ်တွင် ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
မြဝတီမြို့ မြို့မနှင့် ပညာရွှေဖူး မူလတန်းကျောင်းတို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ ကျင်းပ
Oct 05,2023
ကရင်ပြည်နယ်၊ မြဝတီမြို့ မြို့မကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းနှင့် ပညာရွှေဖူး မူလတန်းကျောင်းတို့၏ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ ခရိုင်ပညာရေးမှူးရုံးမှတာဝန်ရှိသူများ၊ ကျောင်းတာဝန်ခံများ၊ ဖိတ်ကြားထားသောဧည့်သည်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။
သရက်ချောင်းမြို့နယ်၌ ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲများပြုလုပ်
Oct 05,2023
ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရန်၊ အသိပညာဗဟုသုတများကြွယ်ဝစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်၊ စာဖတ်ရှိန်မြင့်မားစေရန်နှင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။
မင်းလှမြို့နယ်ဥယျာဉ်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတွင်နယ်လှည့်စာကြည့်တိုက်နှင့်အသိပညာပေးဟောပြောပွဲဆောင်ရွက်
Oct 05,2023
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊‌ကျောင်းသူများအသိ ပညာဗဟုသုတရရှိစေရေး ၊ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန်နေ့နေ့လယ်(၁) နာရီခွဲအချိန်က ဥယျာဉ်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ နယ်လှည့်စာကြည့်တိုက် နှင့် အသိပညာ‌ပေးဟောပြောပွဲအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
သရက်မြို့ ပြည်သူ့ဆေးရုံ၌ အငြိမ်းစားနိုင်ငံဝန်ထမ်းများအား သွေးချို၊ သွေးတိုး၊ နှလုံးရောဂါ အခမဲ့ စတင်စစ်ဆေးပေးလျက်ရှိ
Oct 05,2023
မကွေးတိုင်းဒေသကြီး သရက်မြို့ ပြည်သူ့ဆေးရုံ၌ အငြိမ်းစားဝန်ထမ်းများအား သွေးချို၊ သွေးတိုး၊ နှလုံးရောဂါ အခမဲ့ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် စတင်စစ်ဆေးပေးလျက်ရှိသည်။
သီပေါမြို့ ရေဟော်ကျောင်းတိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသဆောင်ရွက်
Oct 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ရေဟော်ကျောင်းတိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ယမန်နေ့မွန်းလွှဲ(၁)နာရီက အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲများ  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့ ၏ အထင်ကရ စာပေပညာရှင် ဆရာတော် ဦးဩဘာသ
Oct 05,2023
မင်းပူးဆရာတော် ဦးဩဘာသသည် ကုန်းဘောင်ခေတ်တွင် နန်းတက်သော ဘိုးတော်ဘုရား လက်ထက်တွင် ဇာတ်တော်ကြီးများလာ စကားပြေများနှင့် ရတုအမျိုးမျိုး ရေးသားရာတွင် ထင်ရှားလှသော စာပေပညာရှင် ဆရာတော်တစ်ပါး ဖြစ်ခဲ့သည်။
ပွင့်ဖြူမြို့နယ် ဘုရားကုန်းကျေးရွာတွင် (VDP)စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၅၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီး
Oct 05,2023
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် (VDP)စီမံကိန်းရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် ဘုရားကုန်းကျေးရွာရှိ ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကျေးရွာတွင်းမြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကျေးရွာတွင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှာ ၅၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။