ဒဂုံအရှေ့ အောက်တိုဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် သဘာဝဘေးရေလွှမ်းမိုးခံရသော (၁၂၅၊ ၁၃၈) ရပ်ကွက်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ အိမ်ထောင်စုများသို့ စားသောက်ကုန်ပစ္စည်းများကို ယနေ့မွန်းလွဲပိုင်းက သွားရောက်လှူဒါန်းခဲ့ကြသည်။
အဆိုပါ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသော(၁၂၅၊ ၁၃၈) ရပ်ကွက်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးသူနှင့်အဖွဲ့ဝင်များမှသွားရောက်၍ တစ်အိမ်ထောင်စုလျှင် ဆန် ၅ ပြည် အိတ် ၂ အိတ်၊ ဆီ ၁ ပိဿာ၊ ခေါက်ဆွဲခြောက်(၁၀)ထုပ်အား လှူဒါန်းခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)