သတင်းများ

စစ်တွေမြို့၌ ဒေသခံပြည်သူများအား စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ
Oct 06,2023
ဒေသခံပြည်သူများအား  စားသုံးဆီများကို  ပြင်ပဈေးနှုန်းထက် သက်သာသော ဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ  ယနေ့နံနက် ပိုင်းကစတင်ပြီး စစ်တွေမြို့ပေါ်ရပ်ကွက်များတွင် ရောင်းချပေးလျက်ရှိသည်။
ဘူးသီးတောင်မြို့ သန်ရှင်းသာယာလှပစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 06,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံက်(၁၀)နာရီအချိန်က ဘူးသီးတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ပုသိမ်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ
Oct 06,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းသည့် စာဖတ်ဝိုင်းကို  ယနေ့နံနက် ၁၀ နာရီက ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
ရသေ့တောင်မြို့၌ ဒေသခံပြည်သူများအား စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ
Oct 06,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊  ရသေ့တောင်မြို့၌  ဒေသခံပြည်သူများအား  စားသုံးဆီများကို  ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ  ယမန်နေ့ညနေပိုင်းက  စားသုံးဆီများကို သက်သာသော  ဈေးနှုန်းများဖြင့် လာရောက်ရောင်းချပေးခဲ့သည်။
သရက်ချောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြခြင်းများပြုလုပ်
Oct 06,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကျောင်းသား/သူများအနေဖြင့် မိမိပတ်ဝန်းကျင်တွင် သဘာဝဘေးအန္တရာယ်ကျရောက်ပါက ထိရောက်ဆုံးတုံ့ပြန်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မုန်တိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
ကော့ကရိတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နံရံကပ်စာစောင်ပြသခြင်းနှင့် ပြိုင်ပွဲများပြုလုပ်
Oct 06,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနသည် ကျောင်းသူ ကျောင်းသားများ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများရရှိစေရေး၊ စာဖတ်ရှိန်မြင့်မားစေရေးအတွက် ယမန်နေ့ နံနက်(၁၁)နာရီက နံရံကပ်စာစောင်ပြပွဲနှင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်မျိုးဝင်းက ဌာနလုပ်ငန်း ဆောင်ရွက်ချက်နှင့် အားလပ်ချိန်တွင် စာပေဖတ်ရှုလေ့လာရေးတို့ကိုဟောပြောခဲ့သည်။
မိတ္ထီလာခရိုင်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မိုးစပါးစိုက်ဧက တစ်သိန်းကျော် စိုက်ပျိုးပြီးစီး 
Oct 06,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက တစ်သိန်းကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း  ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့၌ ၂ဝ၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ
Oct 06,2023
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂ဝ၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီအချိန်က အ.ထ.က(၁) ပညာရတနာခန်းမတွင် ကျင်းပသည်။