သတင်းများ

အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်)၌ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Oct 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် တပ်ရင်းတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ အပတ်စဉ် မြို့သန့်ရှင်း သာယာလှပရေး စုပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၇)နာရီခွဲအချိန်က မိုင်းခတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်) ၌ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးညှင်းခရိုင်လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲများကျင်းပ
Oct 07,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး‌ဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင် ပြပွဲများကို ယမန်နေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
အမ်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ‌ ချေးငွေရယူထားသောလုပ်ငန်းရှင်များ၏ ပထမ(၆)လပတ်လုပ်ငန်း အကျိုးရလဒ်ရရှိမှုအခြေအနေအား ရှင်းလင်းပွဲအခမ်းအနားကျင်းပ
Oct 07,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ‌ချေးငွေရယူထားသောလုပ်ငန်းရှင်များ၏ ပထမ(၆)လပတ်လုပ်ငန်း အကျိုးရလဒ်ရရှိမှု အခြေအနေများအား တွေ့ဆုံရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဗန်းမော်မြို့ အ.လ.က(၁)တွင် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Oct 07,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွှဲ ၁ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်
Oct 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဒေသအတွင်းတရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးနှင့်ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းမှ မိုင်းနော့(ဖာတ)ကျေးရွာအုပ်စု၊ ဖာငင်းကျေးရွာ၌ ယမန်နေ့နံနက်(၁၀) နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မိုင်းယောင်းမြို့နယ်တွင် ဆင်းဧကရီ-၃ မိုးစပါးစံပြကွက်ရိတ်သိမ်း
Oct 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်တပ်အုပ်စု၊ ဟိုရမ်းကျေးရွာ၌ ယမန်နေ့က တောင်သူဦးအိုက်ရှဲန်ကျန်၏ ကွင်းအမှတ်(၈၀)၊ ဦးပိုင်(၈၀/က)ရှိ ဆင်းဧကရီ-၃ မိုးစပါးစံပြကွက် တစ်ဧကအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းရာ စပါးအစို ၁၃၅ တင်း၊ စပါးအခြောက် ၁၂၁ ဒသမ ၅ တင်း ထွက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့နယ် မျောက်ချောကုန်း (အ.ထ.က)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Oct 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မျောက်ချောကုန်း (အ.ထ.က) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးနှင့် လူငယ်များအသိဉာဏ်ပညာ ဖွံဖြိုးတိုးတက်ကာ ဗဟုသုတများရရှိစေရန်ရည်ရွယ်ပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မန်နံနက်ပိုင်းက မျောက်ချောကုန်း (အ.ထ.က)ကျောင်း၊ (ELan)ခန်းမတွင် ကျင်းပပြုလုပ်သည်။
စစ်ကိုင်းမြို့တွင် ရပ်ကွက်နေပြည်သူများနှင့် ဝန်ထမ်းများအား တန်ဖိုးသင့်စားသုံးဆီများရောင်းချပေး
Oct 07,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စစ်ကိုင်းခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ကြီးကြပ်မှုနှင့်အတူ ရပ်ကွက်နေပြည်သူများ စားသုံးဆီဖူလုံစွာ စားသောက်နိုင်ရေး တန်ဖိုးသင့်စားသုံးဆီများကို ရပ်ကွက်များအတွင်း အလှည့်ကျလှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။