သတင်းများ

အိမ်တွင်းတစ်နိုင်တစ်ပိုင်စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေပြီး မိသားစုဝင်ငွေတိုးပွားစေရေး မီးအိမ်ဝါးလက်မှုအနုပညာပစ္စည်းအရောင်းဆိုင်ဖွင့်လှစ်၊ ဟင်းသီးဟင်းရွက်စံပြစိုက်ခင်း (၁၃ ဒဿမ ၉၆)ဧက အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Oct 08,2023
လက်မှုအနုပညာပစ္စည်းများကို တစ်နေရာတည်းတွင် လေ့လာစုဆောင်းနိုင်ရန်နှင့် ပြည်တွင်း၊ ပြည်ပသို့တင်ပို့နိုင်ရေး ဈေးကွက်မြှင့်တင်ပေးနိုင်ရန်အတွက် မီးအိမ်ဝါးလက်မှုအနုပညာပစ္စည်းအရောင်းဆိုင်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့နယ်၊ ကော့မူးရာ၊ ကော့တရုတ်ရကျေးရွာအုပ်စု ဘားအံ-ဇာသပြင် အဖြောင့်လမ်းမကြီးဘေးရှိ အဆိုပါအရောင်းဆိုင်တည်နေရာ၌ ကျင်းပသည်။
ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့်လက်မှတ်(TBP)များ စဉ်ဆက်မပျက် တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိ
Oct 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်မြို့ဖြစ်သော မူဆယ်မြို့တွင် ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့်လက်မှတ် (TBP)များကို ရက်ချိန်းပေးစနစ်ဖြင့် စဉ်ဆက်မပျက် တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၇:၃၀)အချိန်တွင် မူဆယ်ခရိုင်အားကစားကွင်းအတွင်း၌ ခရိုင်/မြို့နယ်လဝက ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club) စာဖတ်ဝိုင်းကျင်းပ
Oct 08,2023
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club) စာဖတ်ဝိုင်းကို အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။
စားသုံးသူကာကွယ်ရေး၊ ယှဉ်ပြိုင်မှုနှင့် မူပိုင်ခွင့်ဥပဒေများဆိုင်ရာ အသိပညာပေးအစီအစဉ် ကျင်းပ
Oct 08,2023
စားသုံးသူကာကွယ်ရေး၊ ယှဉ်ပြိုင်မှုနှင့် မူပိုင်ခွင့်ဥပဒေများဆိုင်ရာ အသိပညာပေးအစီအစဉ်ကို ယမန်နေ့ နံနက်ပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည်။
ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် ရန်ကုန်-မန္တလေးကားလမ်း ရေကျော်နေပြီး ယာယီရေဘေးရှောင်စခန်း(၂၉)ခုဖွင့်လှစ်ထားရှိ
Oct 08,2023
ပဲခူးမြို့တွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် ပဲခူးမြို့၏စိုးရိမ်ရေအမှတ်(၈၈၀)စင်တီမီတာအားကျော်လွန်ပြီး (၉၄၀)စင်တီမီတာသို့ရောက်ရှိနေပြီဖြစ်သောကြောင့် ပဲခူးမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများသို့ ရေများဝင်ရောက်လျက်ရှိသည့်အပြင် ပဲခူးမြို့တွင်း ရန်ကုန်-မန္တလေး ကားလမ်းမပေါ်သို့ ရေကျော်လျက်ရှိကြောင်း သိရသည်။ 
ကျိုက်မရောမြို့နယ်၌ မိုးစပါး ဧက ၅၆၀၁၂ စိုက်ပျိုးပြီးစီး လျာထားဧကထက် ၂၉၃၀ ဧက ကျော်လွန်စိုက်ပျိုးနိုင်
Oct 08,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ မိုးစပါးဧက ၅၆၀၁၂ စိုက်ပျိုးပြီးစီး၍ လျာထားဧကထက် ၂၉၃၀ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးပြီးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်တွင် စုပေါင်းလက်ရာပန်းချီပြပွဲ ကျင်းပ
Oct 08,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၁၀၁လမ်း(သိပ္ပံလမ်း)၊ ၇၁x၇၂လမ်း ကြားရှိ Mandalay Convention CenterA(MCC)၊ ပရိတ္တဝါ အနုပညာပြခန်း( The Paritava Art Gallery)တွင် Different Together Art Exhibition အမည်ရ မတူညီသော စုပေါင်းလက်ရာ ပန်းချီပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက စတင်ပြသခဲ့ကြောင်း သိရှိရသည်။
ဆင်ပေါင်ဝဲမြို့နယ် ဘော်မြင့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်
Oct 08,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ဘော်မြင့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို အောက်တိုဘာ ၆ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးချန်ဖီယာန်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ဥပဒေအရာရှိ ဒေါ်စိမ်းနုဝေက ဥပဒေအကြောင်းအရာနှင့်ပတ်သက်သည့် အချက်အလက်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။