ရသေ့တောင်မြို့၌ ဒေသခံပြည်သူများအား စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ

ရသေ့တောင် အောက်တိုဘာ    ၆

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊  ရသေ့တောင်မြို့၌  ဒေသခံပြည်သူများအား  စားသုံးဆီများကို  ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ  ယမန်နေ့ညနေပိုင်းက  စားသုံးဆီများကို သက်သာသော  ဈေးနှုန်းများဖြင့် လာရောက်ရောင်းချပေးခဲ့သည်။

ထိုသို့  စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့်  လာရောက်ရောင်းချရာတွင်  ရသေ့တောင်မြို့နယ်  စားသုံးသူရေးရာဦးစီးဌာနမှ  မြို့နယ်တာဝန်ခံ  ဦးသန်းဝင်း ဦးဆောင်မှုဖြင့်  ရခိုင်ပြည်နယ် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ရသေ့တောင်မြို့နယ် ကိုယ်စားလှယ်  ဦးထွန်းမြနှင့်အဖွဲ့က  စားသုံးဆီများကို  ကာလပေါက်ဈေးထက်  သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီ တစ်ပိဿာလျှင် ကျပ်  ၅၂၀၀ နှုန်းဖြင့်  လူတစ်ဦးလျှင်  တစ်ပိဿာနှုန်းနှင့်  ရသေ့တောင်မြို့ နယ်တောင်လှမော်ကျေးရွာတွင်ဆီ(၅၅၀)ပိဿာကို  ဒေသခံပြည်သူများထံသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)