ကော့ကရိတ် အောင်တိုဘာ ၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနသည် ကျောင်းသူ ကျောင်းသားများ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများရရှိစေရေး၊ စာဖတ်ရှိန်မြင့်မားစေရေးအတွက် ယမန်နေ့ နံနက်(၁၁)နာရီက နံရံကပ်စာစောင်ပြပွဲနှင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်မျိုးဝင်းက ဌာနလုပ်ငန်း ဆောင်ရွက်ချက်နှင့် အားလပ်ချိန်တွင် စာပေဖတ်ရှုလေ့လာရေးတို့ကိုဟောပြောခဲ့သည်။
ထိုနောက် ခရိုင်ပြန်ဆက်ဦးစီးဌာနဝန်ထမ်းများမှ ကျောင်းသူကျောင်းသားများအား ပုံပြင်ပြောခြင်း၊ ဉာဏ်စမ်းရုပ်ပြအမေးဖြေပြုလုပ်ခြင်း၊ ရေသန့်ဘူးကောက်ပြိုင်ပွဲတို့ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ကျောင်းသူကျောင်းသားများသည် ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ပြသထားသည့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာ ကြည့်ရှုကြကြောင်းသိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)