သတင်းများ

ပေါက်ခေါင်းမြို့နယ်၌ ဆောင်းသီးနှံ မြေပဲ၊ ပဲတီစိမ်းနှင့်မတ်ပဲသီးနှံ အထွက်နှုန်းကောင်း မျိုးသန့်များအား တောင်သူများလက်ဝယ်သို့ပေးအပ်
Oct 07,2023
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းနယ် စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှု ကော်မတီက ဦးဆောင်၍ ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဆောင်းသီးနှံမြေပဲ၊ ပဲတီစိမ်းနှင့် မတ်ပဲသီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး၊ အထွက်နှုန်းကောင်းမျိုးများကို တောင်သူများလက်ဝယ်အရောက် ပေးအပ်ပြီး နည်းပညာဆွေးနွေးပြောကြားခဲ့သည်။
မန်းရွှေစက်တော်ဘုရားကြီးတွင် မိုခါမုန်တိုင်းအလွန်နှင့် မိုးတွင်းကာလ ထိခိုက်ပျက်စီးခဲ့မှုများအား ရှေးမူလက်ရာမပျက် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်
Oct 07,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် မိုခါမုန်တိုင်းအလွန်နှင့် ယခုနှစ် မိုးတွင်းကာလ အတွင်း မိုးများစွာရွာသွန်းခဲ့ပြီး မန်းချောင်းရေ ဖြတ်ကျော် စီးဆင်းခဲ့မှုများကြောင့် ဘုရားကြီးပရဝုဏ်အတွင်း ထိခိုက်ပျက်စီးခဲ့မှု များအား ရှေးမူလက်ရာမပျက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားဂေါပက အဖွဲ့ထံမှ သိရသည်။
မြောင်းမြမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ် ပို့ချ
Oct 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြရွှေဝါခန်းမ၌ ဖွင့်လှစ်ကျင်းပခဲ့သည်။
ဗဟန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၃/၂၀၂၃)(အခမဲ့)ဖွင့်လှစ်
Oct 07,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ဗလငါးတန်နှင့်ပြည့်စုံသည့်ကျောင်းသား၊ ကျောင်းသူများ‌ ပေါ်ပေါက်လာစေရန်နှင့်အခြေခံကွန်ပျူတာပညာကို တတ်ကျွမ်းနားလည်‌စေရန် ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်း၊ အမှတ်စဉ် (၃/၂၀၂၃) (အခမဲ့)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်သည်။
မြိတ်မြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Oct 07,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ၂ဝ၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အထက(၁) ကျောင်း ပညာ့ဗိမာန်ခန်းမတွင် ကျင်းပရာ အထက (၃) ကျောင်းမှ ကျောင်းသား/သူများက “မြတ်ဆရာ” သီချင်းဖြင့် သီဆိုဂုဏ်ပြု၍ အခမ်းအနား ဖွင့်လှစ်ခဲ့ကြသည်။
ကသာမြို့တွင် တစ်ပိုင်တစ်နိုင်တိုင်းရင်းကြက်မွေးမြူရေး လုပ်ကိုင်နိုင်ရန် အိမ်ထောင်စု (၃၀)စုအား တိုင်းရင်းကြက် (၃၀၀)ကောင် ထောက်ပံ့ပေးအပ်
Oct 07,2023
စစ်ကိုင်းတိုင်းဒေသကြီး ဆင်းရဲမှုလျော့ချရေးရန်ပုံငွေဖြင့် ကသာခရိုင်၊ ကသာမြို့နယ် တုန်းပေါကျေးရွာမှ အိမ်ထောင်စု(၃၀)စုအားတစ်ပိုင်တစ်နိုင် တိုင်းရင်းကြက်မွေးမြူးရေး လုပ်ကိုင်နိုင်ရန်အတွက် တိုင်းရင်းကြက်(၃၀၀)ကောင်အား ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပခဲ့သည်။
သာစည်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးလျက်ရှိသည့် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးစံပြကွက်ဧက(၁၀၀)တွင် စုပေါင်းမြေဩဇာကြဲပက်
Oct 07,2023
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကုက္ကိုစုကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးလျက်ရှိသည့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးစံပြကွက်ဧက(၁၀၀)တွင် စုပေါင်းမြေဩဇာကြဲပက်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက ကွင်းအမှတ်(၁၈၇၃) တောင်သူဦးတင်စိုး၊ ဦးထင်အောင်နှင့် ဦးဇော်ဝင်းတို့၏ စိုက်ခင်းများတွင် ပြုလုပ်သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) (ဗဟို)မှ ဆက်ကပ် လှူဒါန်းပူဇော်သည့် ရခိုင်ပြည်နယ်မှ ဆရာတော်ကြီး(၉)ပါးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲတက်ရောက်
Oct 07,2023
ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA)(ဗဟို)မှ ဆက်ကပ်လှူဒါန်းပူဇော်သည့် ရခိုင်ပြည်နယ်မှ ဆရာတော်ကြီး (၉)ပါးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် ပရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိ ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA)(ဗဟို)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ဖိတ်ကြားထား သူများတက်ရောက်ကြသည်။