ပုသိမ်ကြီး အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းသည့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာမ ခင်စောတင့် ရေးသားသည့် စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်အား စာဖတ်ဝိုင်းဖွဲ့ ဆွေးနွေးခဲ့ကြရာ မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ နိုင်စေရ (မန်းတက္ကသိုလ်)၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်၍ စာဖတ်ဝိုင်းဖွဲ့ ဆွေးနွေးခဲ့ကြသည်။
စာဖတ်ဝိုင်းတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ နိုင်စေရ(မန်းတက္ကသိုလ်)က စွန့်စားမှုဆီသို့ ခြေတစ်လှမ်း ခေါင်းစဉ်ဖြင့် မိမိရောက်ချင်သည့်ပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်စတင်ဖို့ ခြေတစ်လှမ်းသာလိုအပ်ကြောင်း၊ နွေးထွေး(ပုသိမ်ကြီး)က လမ်းလျှောက်ထွက်ကြမယ် ခေါင်းစဉ်ဖြင့် လမ်းလျှောက်ခြင်းသည် ငွေကုန်ကြေးကျများလှသည့် အားကစားရုံသို့ သွားစရာမလိုဘဲ နေ့စဉ် ပုံမှန်လမ်းလျှောက်ခြင်းဖြင့် လေရှူလမ်းလျှောက်ရေကိုသောက်၊ အငန်သကြာလျှော့ကာစားခြင်းဖြင့် ကျန်းမာရေးသုခ ရရှိစေနိုင်ကြောင်းကိုလည်းကောင်း၊ စောနန်းမြေအောင်၊ မောင်ရန်ရှင်း(ရန်ကင်းတောင်)နှင့် ဖိုးလုံး(ပုသိမ်ကြီး)တို့က စကားပြောဖို့ခလုတ်နှိပ်ပါ၊ အမေဆိုတာ၊ ချာလီအတွက်ပန်းလက်ဆောင် အစရှိသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ ဆွေးနွေးပေးခဲ့သော ခေါင်းစဉ်များအပေါ် ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြကြောင်းသိရသည်။
ဇာနည်ကိုကို