ထန်းတပင်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 06,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်ဆိပ်ကြီး အခြေခံပညာအလယ် တန်းကျောင်း (ခွဲ)တွင် ကျောင်းသား/ ကျောင်းသူများအား ဥာဏ်ရည်ဥာဏ်သွေးမြင့်မားစေရန်၊ အတွေးအခေါ်မှန်ကန်စေရေးရည်ရွယ်ကာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀နာရီက အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။