သတင်းများ

ဆင်ပေါင်ဝဲမြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (၂၅) ဦးနှင့် ပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး
Oct 08,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား(၂၅)ဦးနှင့် ပြည်သူများအားသွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းကို အောက်တိုဘာ၅ရက်နေ့ နံနက်(၉)နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံအပေါ်ထပ်၌ ဆောင်ရွက်ပေးခဲ့သည်။
တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်
Oct 08,2023
ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောခြင်းကို အောက်တိုဘာလ ၅ ရက်နေ့က တောင်တွင်းကြီးမြို့နယ်၊ သဖန်းကုန်းကျေးရွာရှိ  အမှတ်(၁၉)၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲကျင်းပ
Oct 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၃ နာရီခွဲက ပုံပြင်ပြောပြိုင်ပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်၊ မြေခြားကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Oct 08,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေချစ်မြတ်နိုးသူ(Book Club)အဖွဲ့ဝင်များနှင့်အတူ မြေခြားကျေးရွာအလယ်တန်းကျောင်းသို့ အောက်တိုဘာလ ၅ ရက်နေ့ နေ့လယ်ပိုင်းကသွားရောက်ကာ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်များပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
လားရှိုးမြို့တွင် ပြည်သူများအား စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Oct 07,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ပြည်သူများအတွက် စားသုံးဆီများကို ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက လားရှိုးမြို့ ရေပန်းလမ်းဆုံအနီးရှိ ရွှေနဂါးဆီဆိုင်နှင့် မြို့မဈေးကြီးအတွင်းရှိ ကိုထွန်းထွန်းဝင်း ကုန်စုံဆိုင်တို့တွင် ရောင်းချပေးနေခြင်းဖြစ်သည်။
လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဉာဏ်စမ်းပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဟောပြောပွဲများပြုလုပ်
Oct 07,2023
ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဟောပြောပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre – Lashio) တွင် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်သည်။
လားရှိုးမြို့၊ စိတ္တသုခကျောင်းတိုက်တွင် နယ်လှည့်ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်
Oct 07,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် စိတ္တသုခကျောင်းတိုက်တွင် ယမန်နေ့မွန်းလွဲပိုင်းက လားရှိုးပြည်သူ့ဆေးရုံနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁၀)စစ်မြေပြင် ဆေးတပ်ရင်းတို့မှ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
လားရှိုးမြို့ အနီးပတ်ဝန်းကျင်တွင် ထွက်ရှိသော ဒေသထွက်မှိုနီများ စားဖိုဆောင် သီးနှံဈေးကွက်အတွင်း ဈေးကောင်းရရှိ
Oct 07,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အနီးပတ်ဝန်းကျင်ရှိ ဒေသထွက်မှိုနီများ စားဖိုဆောင်သီးနှံ ဈေးကွက်အတွင်းတွင် ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။