စစ်တွေမြို့၌ ဒေသခံပြည်သူများအား စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ

စစ်တွေ   အောက်တိုဘာ    ၆

ဒေသခံပြည်သူများအား  စားသုံးဆီများကို  ပြင်ပဈေးနှုန်းထက် သက်သာသော ဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ  ယနေ့နံနက် ပိုင်းကစတင်ပြီး စစ်တွေမြို့ပေါ်ရပ်ကွက်များတွင် ရောင်းချပေးလျက်ရှိသည်။

ထိုသို့  စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့်  ရောင်းချပေးရာတွင် စားသုံးသူရေးရာဦး စီးဌာနမှ  ဝန်ထမ်းများကဦးဆောင်၍  ရခိုင်ပြည်နယ် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင် များအသင်းမှ စစ်တွေမြို့ပေါ်ရပ်ကွက်(၆)ခု၌ နေရာခြောက်နေရာခွဲပြီးရောင်းချနေကြသည်။

“ကျမတို့မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ ဈေးဆိုင်တွေနဲ့ ဈေးကြီးမှာ လက်လီလက်ကားရောင်းချ နေကြတဲ့ ဆီဈေးတွေထက် သက်သာတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချပေးတာဖြစ်တဲ့အတွက် လာရောက် ဝယ်ယူတာဖြစ်ပါတယ်၊ ကုန်ဈေးနှုန်းတွေကလည်းကြီးတော့ အကုန်လုံးက ဈေးတွေကြီးလာတာပေါ့၊  ဘာဘဲဖြစ်ဖြစ် ဆီလေးပိဿခွဲလောက် ဈေးနှုန်းချိုချိုနဲ့ ရတော့အဆင်ပြေတာပေါ့၊ အပြင်မှာက ပိဿာခွဲဆိုရင် ၅၀၀၀ ကျော်လောက်ဖြစ်နေတဲ့အချိန်မှာ ဒီမှာဆီကုန်သည်တွေက ၂၅၀၀ လောက်နဲ့ရောင်းချပေးတော့ အလွန်ကျေးဇူးတင်ပါတယ်၊ ရပ်ကွက်တစ်ခုမှ တစ်ပတ်ကို တစ်ရက်လောက်တော့ ရောင်းချပေးစေချင်ပါတယ်၊ အခုလိုရောင်းချပေးတဲ့ဆီကုန်သည်တွေနဲ့ တာဝန်ရှိသူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်၊ ဒီထက်မက ကြီးပွားတိုးတက်ပါစေလို့ ဆုတောင်းပေးပါတယ်ဟု ဆီလာရောက်ဝယ်ယူတဲ့ စစ်တွေမြို့၊ ကျေးပင်ကြီးရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်ခင်နုရီက ပြောကြားသည်။

စစ်တွေမြို့တွင် စားသုံးဆီများကို  ကာလပေါက်ဈေးထက်  သက်သာသော ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိရာ စားသုံးဆီ တစ်ပိဿာလျင်  ၅၀၀၀ ကျပ်ဖြင့်  လူတစ်ဦးကို ၅၀ သားစီ ရောင်းချပေးလျက်ရှိပြီး နောက်နေ့များတွင်လည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ထံမှသိရသည်။

တင်ထွန်း(ပြန်/ဆက်)