မိတ္ထီလာမြို့၌ ၂ဝ၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

မိတ္ထီလာ အောက်တိုဘာ  ၆

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂ဝ၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီအချိန်က အ.ထ.က(၁) ပညာရတနာခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သော ၂ဝ၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းမှတ် သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးက ဖတ်ကြားပြီး ယူနက်စကိုမှ ပေးပို့သော ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်သဝဏ်လွှာကို တာဝန်ခံမြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာမြင့် ဖတ်ကြားသည်။

ထို့နောက် မြို့နယ်ပညာရေးဌာနကကျင်းပပြုလုပ်ခဲ့သော မြို့နယ်အဆင့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ကျောင်းသူ/ကျောင်းသားများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအောင်မြသန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမျိုးထက်ဇော်နှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်တို့က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။ အဆိုပါအခမ်းအနားတွင် အသက် ၇ဝ နှစ်နှင့်အထက် အငြိမ်းစားဆရာကြီး၊ဆရာမကြီး ၂၅၉ ဦးအား တစ်ဦးလျှင်၂၈ဝဝဝ ကျပ်နှုန်းဖြင့် ကန်တော့ထောက်ပံ့ငွေများအား မြို့နယ်ပညာရေးဌာနဝန်ထမ်းများက ပူဇော်ကန်တော့ခဲ့ကြောင်းလည်း သိရသည်။

ချမ်းသာ