Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
နမ့်စန်မြို့မစည်ပင်သာယာဈေးအနီး တစ်လမ်းမောင်းစနစ် အသုံးပြုသွားလာရေးနှင့် ယဉ်ပိတ်ဆို့မှုလမ်းပိတ်ဆို့မှုများ မဖြစ်ပွားစေရေး ကွင်းဆင်းအသိပညာပေး
Apr 28,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့မစည်ပင်သာယာဈေးနှင့် အနီးပတ်ဝန်းကျင်မီးဘေးလုံခြုံရေးအတွက် လိုအပ်ပါက မီးသတ်ကားများ အလွယ်တကူ ဝင်ထွက်သွားလာနိုင်ရေးနှင့် ယာဉ်ပိတ်ဆို့မှုလမ်းပိတ်ဆို့မှုများ မဖြစ်ပွားဘဲ ပြည်သူများ အဆင်ပြေချောမွေ့စွာ ဈေးရောင်းဈေးဝယ်သွားလာနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့နံနက် ၉ နာရီက မြို့လယ်မီးပွိုင့်လမ်းဆုံမှစတင်၍ ဈေးလမ်းမကြီးတလျှောက် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဇီးချိုင်ကျေးရွာအုပ်စုတွင် မဟာမကုဋရံသီ ဆံတော်ရှင်မြတ် မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော် တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေး
Apr 28,2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး၏ရင်ပြင်တော် တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်
Apr 28,2025
(၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်မြို့နယ်မီးသတ်ဦးစီးဌာနမှူးနှင့် တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ပြည်မြို့ ပြည်သာယာရပ်ကွက်ဥယျာဉ်စု၌ မီးသတ်ဦးစီးဌာန၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ကွင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းအေးသာစံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနိုင်ရန် ကျောင်းသား၊ ကျောင်းသူများအား လေ့ကျင့်သင်ကြား
Apr 28,2025
မတ်လ (၂၈) ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင် စာမေးပွဲ အဖြေလွှာများ ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနိုင်ရန် လေ့ကျင့်သင်ကြားပေးမှုများကို ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၁၆) အခြေခံပညာကျောင်း၊ ဇမ္ဗူထိပ်ရတနာကျောင်းဆောင်တွင် ဧပြီလ (၂၈) ရက်နေ့က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့၌ ကုန်ဈေးနှုန်းတည်ငြိမ်ရေး အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး
Apr 28,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ပြည်သူများ စားဝတ်နေရေးအဆင်ပြေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်း လက်လီ၊ လက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ယနေ့နံနက် ၉ နာရီခွဲအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။
အပြည့်အစုံ ဖတ်ရန်
(၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွမ်းခြံကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Apr 28,2025
မေလ(၅)ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧပြီလ(၂၈)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ မင်းပိုင်းရပ်ကွက်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများနှင့် စစ်ဆေးခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသ
Apr 28,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ်တွင် မြို့နယ်အဆင့်ကာယပညာနှင့် အားကစားနည်းပြမွမ်းမံသင်တန်းဖွင့်လှစ်
Apr 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် မြို့နယ်အဆင့်ကာယပညာနှင့် အားကစားနည်းပြ မွမ်းမံသင်တန်းဖွင့်ပွဲကို အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
810
Page
811
Page
812
Page
813
Current page
814
Page
815
Page
816
Page
817
Page
818
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department