သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း စားသုံးဆီရောင်းချမှု ကြီးကြပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Jul 30,2025
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားသုံးဆီရောင်းချမှု ကြီးကြပ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စစ်ကိုင်း/မုံရွာ/ယင်းမာပင်ခရိုင်များမှ စားသုံးဆီ ထုတ်လုပ်ရောင်းချသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
လဲချားမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
Jul 30,2025
မိုးရာသီကာလရောက်ရှိလာသည်နှင့်အမျှ လဲချားမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပေါ်စေရေး၊ ဝမ်းပျက်ဝမ်းလျောရောဂါမဖြစ်ပွားစေရေးတို့အတွက် ယနေ့ နံနက် ၈ နာရီက အမှတ်(၁)ရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခဲ့ပါသည်။
ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာတွင် ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Jul 30,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မိုးပဲတီစိမ်းသီးနှံများကို ယာမြေများတွင် နေရာဒေသအလိုက် မေလလယ်မှဩဂုတ်လအလယ်ချိန်အထိ စိုက်ပျိုးလျက်ရှိရာ မှိုင်းပန်ကျေးရွာတွင် စိုက်ပျိုးထားသော ပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကံမမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ကျေးရွာအုပ်စု(၁၉)အုပ်စု ထုတ်ချေးပြီးစီး
Jul 30,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ  စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေချောမွေ့စေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ်   မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅၁)အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ရေနံ့သာကျေးရွာအုပ်စုမှ တောင်သူ(၁၂၄)ဦးတို့၏ မိုးစပါးစိုက်ဧက(၂၉၆)ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ်(၄၄၄)သိန်းအား ထုတ်ပေးခဲ့ပြီး ကျေးရွာအုပ်စု(၁၉)အုပ်စု ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ရမည်းသင်းမြို့နယ်၌ ပြည်သူများ သက်‌သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် စားသောက်ကုန်များ ရောင်းချပေး
Jul 30,2025
မန္တ​လေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌ ပြည်သူများ သက်သာသောနှုန်းထားများဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် စား​သောက်ကုန် (၈) မျိုးကို ဈေးနှုန်းချိုသာစွာဖြင့် သီလဝခန်းမ ရှေ့၌ ယနေ့နံနက်ပိုင်းက ရောင်းချပေးလျက်ရှိသည်။
မိုင်းပျဉ်းမြို့၌ လက်စွဲကောက်စိုက်စက်ဖြင့် ကောက်စိုက်ခြင်း သရုပ်ပြဆောင်ရွက်
Jul 30,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် လက်စွဲကောက်စိုက်စက်ဖြင့် ကောက်စိုက်ခြင်းသရုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ယမ်းကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ရေတာရှည်မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်
Jul 30,2025
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တောင်ငူမြို့အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက တောင်ငူခရိုင် ရေတာရှည်မြို့နယ် ပြည်သူ့ဆေးရုံသို့သွားရောက်၍ ရဟန်းရှင်၊ လူ၊ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စပ်ချုပ်နည်းပညာသင်တန်း(အဆင့်မြင့်) (၂)ခု သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်
Jul 30,2025
အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးရေးနှင့် ကျေးလက်နေမိသား စုဝင်ငွေတိုးရေးစီမံကိန်းအတွက် ဖွင့်လှစ်သည့် စပ်ချုပ်နည်းပညာသင်တန်း(အဆင့်မြင့်)(၂)ခု သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ ၂၉ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးရှိ Incubation Centre တွင် ကျင်းပရာ သင်တန်းဆင်းပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။