Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ဇမ္ဗူသီရိမြို့နယ်၌ နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)၏ စိတ်လူမှုဆက်ဆံရေးဆိုင်ရာ အထောက်အပံ့ပေးခြင်း (Psycho-Social Support) ဟောပြောပွဲကျင်းပ
Jul 30,2025
နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)၏ စိတ်လူမှုဆက်ဆံရေးဆိုင်ရာအထောက်အပံ့ပေးခြင်း (Psycho-Social Support) ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ Mandalay Paradise တော်ဝင်ခန်းမ၌ ကျင်းပရာ ဟောပြောပွဲသို့ ဒေါက်တာဇော်စိန်လွင် ကထိက/စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(ဗဟို)မှ တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်မြဝင်းနှင့် CEC များ နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF) ဥက္ကဋ္ဌ ဒေါ်မော်မော်ထွန်း၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ နေပြည်တော် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်ကလေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးအဖွဲ့မှ ဒုတိယအကြိမ် တက္ကသိုလ်၀င်တန်းစာစစ်တာ၀န်ထမ်းဆောင်ခဲ့သော ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ
Jul 30,2025
မကွေးတိုင်းဒေသကြီးအစိုးအဖွဲ့မှ ဒုတိယအကြိမ် တက္ကသိုလ်၀င်တန်းစာစစ်တာ၀န် ထမ်းဆောင်ခဲ့သူများအား ဂုဏ်ပြုပွဲချီးမြှင့်ပွဲအခမ်းနားကို ဇူလိုင် ၂၈ ရက်နေ့နံနက်ပိုင်းက မကွေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်ဆိုင်ရာစာစစ်ဌာနအသီးသီးမှ ဆရာ/ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ်နယ်ခြားစောင့်တပ် အမှတ် (၂) တပ်နယ်တို့က ရွှေဂွန်းကျေးရွာ ရေဘေးသင့်ပြည်သူများအတွက် ရိက္ခာများ ကူညီထောက်ပံ့ပေး
Jul 30,2025
ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ ကွပ်ကဲရေးနှင့်အကြံပေးအဖွဲ့ အမှတ် (၂) တပ်နယ်မှူး ဗိုလ်မှူးကြီး စောကြာအင်းတို့က လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာအုပ်စုရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီ၊ ကြက်ဥ စသည့်စားနပ်ရိက္ခာများကို ကူညီထောက်ပံ့ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံတက္ကသိုလ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် ဖြစ်ပွားသေဆုံးမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jul 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံတက္ကသိုလ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် ဖြစ်ပွားသေဆုံးမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးအဆက်မပြတ်ရွာသွန်းပြီး စစ်တောင်းမြစ်ရေများ ရေလျှံတက်လာသဖြင့် ထန်းတပင်မြို့နယ်အတွင်း စာသင်ကျောင်း ၁၄ ကျောင်း ယာယီပိတ်ထားရ
Jul 29,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် စစ်တောင်းမြစ်ရေများ ရေလျှံတက်မှုကြောင့် စာသင်ကျောင်း(၁၄)ကျောင်း ယာယီပိတ်ထားရကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်တွင် ဓာတ်မြေဩဇာ လက်လီလက်ကား ဖြန့်ဖြူးရောင်းချသည့်ဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချခြင်းရှိ/မရှိ စစ်ဆေး
Jul 29,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့၌ ဓာတ်မြေသြဇာ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသည့်ဆိုင်များအား ဒေသအလိုက် သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချခြင်းရှိ/မရှိကို မြို့နယ်ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) ပင်စင်စား၀န်ထမ်းများအား Biometric Data ကောက်ယူနေမှုနှင့် UID ကတ်များ ဆောင်ရွက်
Jul 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပင်စင်လစာထုတ်ယူနေသော နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်များကောက်ယူခြင်းနှင့် UID ကတ်များ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ကျိုက်အင်းအခြေခံပညာမူလတန်းလွန်ကျောင်းနှင့် လူနေအိမ်(၁၇၀)ကျော်တွင် ခြင်ဆေးမှုတ်ခြင်းဆောင်ရွက်
Jul 29,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျိုက်အင်းကျေးရွာ၌ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
812
Page
813
Page
814
Page
815
Current page
816
Page
817
Page
818
Page
819
Page
820
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department