Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ဒိုက်ဦးမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း ဆောင်ရွက်
Jul 29,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၃)အုပ်စုတို့၌ အလှည့်ကျ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒိုက်ဦးမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောထွန်းဖြူနှင့် ဝန်ထမ်းများသည် ပြည်သူများနှင့် ကျောင်းသား/ကျောင်းများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းနှင့် Smart Cardများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jul 29,2025
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့အတွင်းရှိ အ.ထ.က(၁)၊ အ.ထ.က(၂)နှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ဇူလိုင် (၂၇)ရက် နံနက် (၆)နာရီအချိန်က ထုတ်ပြန်ကြေညာခဲ့ရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း (၅၈၇)ဦးတွင် (၂၅၃)ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးတွင် ဆိုလာနည်းပညာဖြင့် (၂၀) မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
Jul 29,2025
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Southern Green Power Co.,Ltd တို့အကြား မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာတွင် ဆိုလာနည်းပညာဖြင့် (၂၀) မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်းရှိ/ မရှိ အကြိုစူးစမ်းလေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ရန် ချုပ်ဆိုသည့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးချုပ်ဆိုမည့် အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်မြို့၌ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား Unique Indentity ကတ်ပြားဆောင်ရွက်ပေးလျက်ရှိ
Jul 29,2025
နိုင်ငံတော်၏တာဝန်ထမ်းဆောင်ခဲ့သည့်နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာထုတ်ပေးရာတွင် လိုအပ်လျက်ရှိသည့် UID(Unique Indentity) ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်း က ထားဝယ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်ရှိ ငလျင်ဘေးသင့်အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းနှင့်ဆန်ရိက္ခာဖိုးငွေပေးအပ်
Jul 29,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ၂၀၂၅ခုနှစ် မတ် ၂၈ရက်က မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်သည့်အိမ်ထောင်စုများအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေနှင့်ဆန်ဖိုးငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌ လူနာများအား အခမဲ့ကုသပေး
Jul 29,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်ရှိပှု ပါမောက္ခဒေါက်တာသန်းလွင် (အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ဇူလိုင် ၂၆ ရက်နေ့ နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသော ရဟန်းရှင်/လူ လူနာ(၁၅၀)ဦးကျော်အား အခမဲ့ကုသပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့နယ်ရှိ စာစစ်ဌာန (၅) ခု၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jul 29,2025
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ရာ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့နယ်ရှိ စာစစ်ဌာန(၅)ခုမှ ကျောင်းတွင်းဖြေနှင့် ကျောင်းပြင်ပဖြေဆိုသူ စုစုပေါင်း ၁၅၆၈ ဦးအနက် ၅၃၉ ဦး အောင်မြင်ခဲ့၍ အောင်မြင်မှုရာခိုင်နှုန်း ၃၄ဒသမ ၃၈ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ်၌ တစ်နှစ်သုံးသီးစား သီးနှံစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေး
Jul 29,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်၌ တစ်နှစ်သုံးသီးစား သီးနှံစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နည်းပညာပေးဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ရှောက်ကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
814
Page
815
Page
816
Page
817
Current page
818
Page
819
Page
820
Page
821
Page
822
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department