သတင်းများ

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းအဝေးတက်ရောက်
Jul 30,2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ်ရှိ အစည်းအဝေးခန်းမတွင် အဆိုပါ တက္ကသိုလ်၏ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲကကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြ‌သည်။
ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေး
Jul 30,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် အခမဲ့ငှားရမ်းပေးခဲ့သည်။
မောက်မယ်မြို့နယ်တွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် အမှိုက်များခွဲခြားစွန့်ပစ်မှုစနစ် သရုပ်ပြခြင်း ဆောင်ရွက်
Jul 30,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)စျေးတန်း၌ ယနေ့နံနက် ၁၀ နာရီက ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် အမှိုက်များခွဲခြားစွန့်ပစ်မှုစနစ်သရုပ်ပြခြင်းကို ဆောင်ရွက်ခဲ့သည်။
တာချီလိတ်မြို့ ရေပြန်လည်ကျဆင်းသွားသည့် ရပ်ကွက်များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jul 30,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ရေပြန်လည်ကျဆင်းသွားသည့် မြို့ပေါ်ရပ်ကွက်များတွင် ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများနှင့် အငြိမ်းစားဝန်ထမ်းများအား အခမဲ့ဆေးကုသပေး
Jul 30,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများနှင့် အငြိမ်းစားဝန်ထမ်းများအား ဆီးချိုသွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါများ စစ်ဆေးပေးခြင်းကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် အခမဲ့ စမ်းသပ်စစ်ဆေးကုသပေးခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တမံရေပိုလွှဲ ၂ ခုမှ ဆက်လက်၍ ရေကျော် စီးဆင်းလျက်ရှိ
Jul 30,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံနှင့်ရင့် ရှည်ရေလှောင် တမံရှိရာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့နံနက် ၆ နာရီအချိန်တိုင်းတာချက်အရ မန်း‌ချောင်းရေလှောင်တမံ အမြင့် ပေ ၆၄၀ ၊ ဆည်ရေပြည့်အမှတ် ၆၂၅ ပေ ရှိရာမှ ၆၂၇.၈၀ ပေ သို့ ရောက်ရှိပြီး ပင်မရေပိုလွှဲမှ ၂.၈၀ ပေအမြင့် နှင့် ရင့်ရှည်ရေလှောင်တမံသည် အမြင့် ပေ ၆၁၀၊ ဆည်ရေပြည့်အမှတ် ၆၀၂ ပေရှိရာမှ ၆၀၂.၂၀ ပေ သို့ရောက်ရှိပြီး ရေပိုလွှဲမှ ၀.၂၀ ပေ အဖြစ် တမံရေပိုလွှဲများမှ ဆက်လက်ရေကျော်စီးဆင်းလျက်ရှိကြောင်း ငဖဲမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
မအူပင်မြို့၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းနှင့် သီးနှံအာမခံထားရှိခြင်း အခမ်းအနားကျင်းပ
Jul 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်မအူပင်မြို့၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းနှင့် သီးနှံအာမခံထားရှိခြင်းအခမ်းအနားအား ယမန်နေ့ မွန်းတည့် ၁၂ နာရီက အမှတ်(၄)ရပ်ကွက်ရှိ တိုးရွှေဝါခန်းမတွင်ကျင်းပပြုလုပ်သည်။
မိုးနဲမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မွေးမြူရေးဆိုင်ရာ သင်တန်းဖွင့်
Jul 30,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မွေးမြူရေးဆိုင်ရာသင်တန်းကို မိုက်ဟိုင်းကျေးရွာအုပ်စု မယ်ဇလီမြိုင်ကျေးရွာ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။