သတင်းများ

ပွင့်ဖြူမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေ‌ရန် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Apr 28,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်အတွက် ယနေ့နံနက် ၇ နာရီက မြို့မစည်ပင်သာယာဈေးကြီးတွင် ဈေးရောင်းဈေးဝယ် ပြည်သူများအား ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လမ်းမတော်မြို့နယ်တွင် နွေရာသီစာစီစာကုံးရေးသားနည်းသင်တန်း အခမဲ့ဖွင့်လှစ်
Apr 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးတက်ပွားများစေရန် ရည်ရွယ်၍ နွေရာသီစာစီစာကုံးရေးသားနည်း အခမဲ့သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး ကြည့်ရှုအားပေး
Apr 28,2025
ကရင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးနှင့် စားရေရိက္ခာ ဖူလုံပိုလျှံရေး တွန်းအားပေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မိုင်းယောင်း၌ ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်း
Apr 28,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် မိုင်းယောင်းမြို့နယ် သာသနာရေးမှူးတို့သည် ယနေ့နံနက်ပိုင်းက ဓါတ်လုံစေတီတော်အား ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကော့မှူးတွင် “ငလျင်ဘေးသင့်ဓမ္မသဘင်ပွဲ” ကျင်းပ
Apr 28,2025
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် မြို့နယ်သံဃာ့နာယကဆရာတော်များနှင့် ဒါယိက၊ ဒါယိကာမများ စုပေါင်း၍ ငလျင်ဘေးသင့်ဒေသများသို့ သွားရောက်လှူဒါန်းနိုင်ရန် “ငလျင်ဘေးသင့်ဓမ္မသဘင်ပွဲ‌” ကို ယမန်နေ့ည ၇ နာရီက ပြည်တော်သာရပ်ကွက် ဇောတိကမလွန်ဆန်ဓမ္မရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့က ကြီးမှုးဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲ ကျင်းပ
Apr 28,2025
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ ကွန်ပျူတာကျွမ်းကျင်မှုမရှိသေးသည့် ကျောင်းသား/သူများအား ကွန်ပျူတာကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ ကွန်ပျူတာ အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်  မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်၀င်း၀င်းမြင့်၊ တိုင်းဒေသကြီး၀န်ကြီးများ၏ ဇနီးများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောက်ရှောက်ရေးအသင်းအဖွဲ့များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
ချမ်အေးသာစံမြို့နယ်၊ ပရိယတ္တိသာသနာဟိတအသင်းအတွင်း လလည်ဆွမ်းကပ် ပရိတ်တရားပွဲ ကျင်းပ
Apr 28,2025
ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက် ၈၅ လမ်း၊ ၃၄*၃၅လမ်းကြားရှိ ပရိယတ္တိသာသနာ ဟိတအသင်းတွင် သာသနာပိုင်တောင်ခွင်မင်းကြီးတိုက် ရှမ်းပွဲဇေတဝန်ကျောင်းအတွင်းရှိ (ဖေးကူလက်များ) လူမှူကူညီရေးအသင်း၏ နာယကဆရာတော်ဘန္ဒန္တအာဒိစ္စဝံသ ဦးဆောင်၍ လလည်ဆွမ်းကပ် အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့နယ် တွံတီးကျေးရွာနှင့် နမ့်ဆွယ်ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်၍ နေအိမ်များ အမိုးလန်ပျက်စီး
Apr 28,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက မိုးရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သဖြင့် နမ့်လစ်ကျေးရွာအုပ်စု၊ တွံတီးကျေးရွာနှင့် မက်မွန်မုန်းကျေးရွာအုပ်စု၊ နမ့်ဆွယ်ကျေးရွာတို့တွင် လူနေအိမ်များ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။