တောင်ကြီးမြို့တွင် စတုတ္တနှစ်ဘီဒီအက်စ်(၁/၂၀၂၃)သင်တန်း အောင်မြင်သည့်ကျောင်းသား/သူများမှ သွားဘက်ဆိုင်ရာကျန်းမာရေး ကွင်းဆင်းစစ်ဆေးကုသပေး

တောင်ကြီး ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)တွင် တက်ရောက်ပညာသင်ကြားနေသော စတုတ္ထနှစ်ဘီဒီအက်စ်(/၂၀၂၃)သင်တန်း အောင်မြင်သည့် ကျောင်းသား/သူများမှ ပြည်သူများ၏ သွားဘက်ဆိုင်ရာကျန်းမာရေးများ စစ်ဆေးပေးခြင်း၊ ကုသပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ဒီဇင်ဘာ ၂၆ရက်နေ့မှစ၍ တောင်ကြီးမြို့နယ်အတွင်းရှိ တောင်ကြီးမြို့၊ အေးသာယာမြို့နှင့် ရွှေညောင်မြို့များတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် တောင်ကြီးခရိုင် ဒုတိယခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဝင်းခိုင် လိုက်ပါသော စတုတ္ထနှစ်ဘီဒီအက်စ်(/၂၀၂၃)သင်တန်း အောင်မြင်သည့် ကျောင်းသား/သူ(၄၂)ဦးနှင့် ကြီးကြပ်သူဆရာ/ဆရာမ(၁၀)ဦးတို့သည် တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်ရှိ အိမ်ခြေ(၅၀)နှင့် လူဦးရေ(၁၀၀)ဦး၊ တောင်ကြီးမြို့နယ် အေးသာယာမြို့၊ အေးသာယာရပ်ကွက်(၂)နှင့် ရပ်ကွက်(၈)ရှိ အိမ်ခြေ(၁၃၅)အိမ်နှင့် လူဦးရေ(၁၉၈)ဦးတို့အား စစ်တမ်းကောက်ယူခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ဆေးကုသရန်လိုအပ်သည့် ပြည်သူများအား ညောင်ဖြူစခန်းသားဖွားဆောင်နှင့် အေးသာယာတိုက်နယ်ဆေးရုံတို့တွင် လိုအပ်သောကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် တောင်ကြီးမြို့ရှိ ရွှေတောင်ရပ်ကွက်၊ ကံကြီးရပ်ကွက်၊ တောင်ကြီးမြို့နယ် ရွှေညောင်မြို့ရှိ မင်္ဂလာအောင်မြေရပ်ကွက်၊ ရတနာရပ်ကွက်များသို့လည်း ကွင်းဆင်း၍ စစ်တမ်းကောင်ယူခြင်း၊ သွားဘက်ဆိုင်ရာကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကုသပေးခြင်း၊ အသိပညာပေးဟောပြောခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် သွားကျန်းမာရေးဆိုင်ရာများစစ်ဆေးခြင်း၊ ကုသခြင်းဆောင်ရွက်လိုသည့် မိဘပြည်သူများအနေဖြင့် လာရောက်စစ်ဆေးကုသမှုခံယူနိုင်ကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)