ငပုတော ဒီဇင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံလျှပ်စစ် သံဂဟေဆက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကား ပြောကြားရာတွင် “သင်တန်းသားများအနေဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံလျှပ်စစ် သံဂဟေဆက်သင်တန်းကို တက်မြောက်သည်အထိ သင်ကြားစေလိုကြောင်း၊ သင်တန်းဆရာများ၏ သင်ကြားမှုများကို ဂရုတစိုက်နားထောင်၍ သင်ကြားစေလိုကြောင်း၊ သင်တန်းပြီးမြောက်ပါက မိသားစုတစ်နိုင် တစ်ပိုင်လုပ်ငန်းအဖြင့် ဆောင်ရွက်စေလိုကြောင်း” ပြောကြားသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက သင်တန်းသားများအား သင်တန်းအထောက် အကူပြုပစ္စည်းများအား ပေးအပ်သည်။ အဆိုပါသင်တန်းကို ဒီဇင်ဘာလ (၂၇) ရက်နေ့မှ ဇန်နဝါရီလ (၁၅)ရက်နေ့အထိ ဖွင့်လှစ်ကာ သင်တန်းသား (၂၀) ဦးကို စာတွေ့ လက်တွေ့ သင်ကြားသွားမှာဖြစ်ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)