ပေါက်ခေါင်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေးနှင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပေါက်ခေါင်း   ဒီဇင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအ‌ဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ဦးစွာ‌ ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဖြိုးသူမောင်က ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများအား ဌာနအလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အခြေခံပညာကျောင်းများတွင် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပမည့် လုပ်ငန်းများနှင့် ဆုချီးမြှင့်‌ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး၊ ဒေသတွင်း MSME လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်‌ဆောင်ရွက်နိုင်‌ရေး၊ မြို့နယ်အတွင်း အဓိကစိုက်ပျိုးသည့် မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ဝါနှင့် ကြံများ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေး အလေးထားဆောင်ရွက်ရန်နှင့် နွေစပါး ပန်းတိုင်အထွက်နှုန်း ၁၁၀ တင်းထွက်ရှိရေးကြိုး ပမ်းဆောင်ရွက်ရန်တို့ကို ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်‌ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)