ကရသူရိ ဒီဇင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ဒေသခံပြည်သူများသည် နှစ်ရှည်စိုက်ပျိုး ရေးလုပ်ငန်းများနှင့် ရာသီပေါ်ဟင်းသီး ဟင်းရွက်များစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်လျက်ရှိရာ ပိန်းဥဈေးကောင်းရ၍ တပိုင်တနိုင်စိုက်ပျိုးထားသူများ မိသားစုဝင်ငွေရရှိကြောင်း သိရသည်။
“ဥစားပိန်းမျိုး တစ်ပိဿာကို (၁၁၀၀)ကျပ်နှင့် ဝယ်ယူရပြီး ဇွန်/ ဇူလိုင်လတွင် အများဆုံး စိုက်ပျိုးရကြောင်း၊ သက်တမ်း ၇လကြာလျှင် တူးဖော်နိုင်ပြီး စရိတ်နည်းပါး၍ ဝင်ငွေများများရရှိသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်းယခုလက်ရှိ ပိန်းဥတစ်ပိဿာလျှင်(၁၆၀၀)အထိရရှိပြီး ဒေသအတွင်း ရှိဆိုင်များနှင့် နီးစပ်ရာကျေးရွာများသို့ လိုက်လံရောင်းချလျက်ရှိကြောင်း” စိုက်ပျိုးသူတစ်ဦးက ပြောသည်။
ယခုလရာသီသည် ရာသီပေါ် ဥမျိုးစုံထွက်ရှိသည့် လဖြစ်ပြီး ထိုဥအမျိုးအစားထဲမှ ပိန်းဥသည် ကျန်းမာရေးနှင့်ညီညွတ်သည့်အတွက် လူကြိုက်များသည့် အစားအစာတစ်ခုဖြစ်ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)