ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခွန်ရဲထွေး လွယ်အုဲင်းဆွမ်းစားကျောင်းဆောင် ထီးတင်ပွဲသို့ တက်ရောက်

နောင်တရား ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပင်ခင်ကျေးရွာအုပ်စု၊ လွယ်အုဲင်ကျေးရွာ ဘုန်တောင်ကြီးကျောင်း၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းတွင် လွယ်အုဲင်းဆွမ်းစားကျောင်းဆောင် ထီးတင်ပွဲသို့ တက်ရောက်ပူဇော်သည်။

လွယ်အုဲင်းကျောင်းဆရာတော်ကြီးနှင့် နယကဆရာတော်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခရိုင်ဦးစီးမှူးများ၊ ပင်လောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတင့်ဇော်ထက်နှင့် အဖွဲ့ဝင်များက လွယ်အုဲင်းဆွမ်းစားကျောင်းဆောင်တွင် တည်ထားကိုးကွယ်သည့် စေတီတော်၌ ထီးတော်တင်လှူခြင်း၊ အမွေးနှံ့သာများပတ်ဖြန်းခြင်း၊ ရွှေမိုးငွေမိုးများ ကျဲပတ်ခဲ့သည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ ဆွမ်းစားကျောင်းဆောင် အလှူရှင်များနှင့် လွယ်အုဲင်းကျောင်းဒါယကာ၊ ဒါယကာမများက ရဟန်းရှင်သူမြတ်များထံမှ ငါးပါးသီလခံယူပြီး လှူဒါန်းမူအစုစုအတွက် ရေစက်သွန်းချ အမျှတန်းပေးဝေခဲ့သည်။

ထို့နောက် လွယ်အုဲင်းကျေးရွာတောင်ဘက်၌ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများအတွက် လူငယ်အားကစားကွင်းဖောက်လုပ်ထားရှိမှုနှင့် ဆက်လက်ဖောက်လုပ်ရန်အတွက် လိုအပ်မြေပြင်အနေအထားကို ကွင်းဆင်းကြည့်ရူ့ခဲ့ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)