Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ပိုင်ကျုံမြို့ ကရင်နှစ်ခြင်းခရစ်ယာန် ဘုရားရှစ်ခိုးကျောင်း၌ ခရစ္စမတ်နေ့အထိမ်းအမှတ် ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနား ကျင်းပ
Dec 26,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားရှစ်ခိုးကျောင်း၌ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျရောက်သည့် ခရစ္စမတ်နေ့အထိမ်းအမှတ် ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့နယ် ဇဝနဒီပရပ်ကွက်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ
Dec 26,2023
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဇဝနဒီပရပ်ကွက်အတွင်း ကျင်းပပြုလုပ်သော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်အသင်းသားများ၏ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၈နာရီက ဇဝနဒီပရပ်ကွက် ဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ လေးကျွန်းသစ္စာရှင် နဂါးမောက်စေတီတော်မြတ် တတိယအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အခမ်းအနား တက်ရောက်
Dec 26,2023
မော်လမြိုင်မြို့ နာဂဝီသတောင်တန်းတွင် တည်ထားကိုးကွယ်တော်မူသည့် ဣစ္ဆာသယ သိဒ္ဓိရှင် လေးကျွန်း သစ္စာရှင် နဂါးမောက်စေတီတော်မြတ်ကြီး၏ တတိယအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် အသံမစဲ မဟာပဋ္ဌာန်းကျမ်းတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲ၊ သံဃာ့ဒါနဆွမ်းခြောက်လောင်းလှူပွဲ အလှူတော်အစုစုအတွက် ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဣစ္ဆာသယ သိဒ္ဓိရှင် လေးကျွန်း သစ္စာရှင် နဂါးမောက်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ကျင်းပပြုလုပ်ရာ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက ဘုရားအမှူးပြုသော ပင့်သံဃာ (၁၀၁)ပါးတို့အား ဆွမ်းခြောက်များ လောင်းလှူကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေး
Dec 26,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးလက်ပြည်သူများ နွေရာသီသောက်သုံးရေအခက်အခဲ မရှိစေရေးအတွက် ကျောက်ပန်းတောင်း မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် မြေသားရေကန် ၆ ကန်ဆောင်ရွက်ပြီးစီး
Dec 26,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးလက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေ အခက်အခဲမရှိစေရေးအတွက်၊ မြေသား မိုးရေလှောင်ကန် (၆)ကန် ဆောင်ရွက်ခွင့်ရရှိခဲ့ရာ၊ ယခုအခါ တူးဖော်ဆောင်ရွက်မှုလုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်းပြီးစီးခဲ့ပြီး၊ ရေပြည့်မီစွာ သိုလှောင်ထားရှိမှုနှင့် လုံခြုံစွာဆောင်ရွက်ထားရှိမှု အခြေအနေများကို၊ ဒီဇင်ဘာ(၂၆)ရက်နေ့ နံနက်(၁၀)နာရီက မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လူထုအခြေပြုဗဟိုဌာန၊ Community Centre (Lashio) တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်
Dec 26,2023
နိုင်ငံတော်၏လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် မျိုးဆက်သစ် လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရန် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာသာမက ပြင်ပစာပေအသိပညာဗဟုသုတများ ကြွယ်ဝလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(လားရှိုး)ရှိ စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများဆောင်ပေးနေသည့် ကျောက်ဆည်မြို့နယ် တောင်နံ့သာကျေးရွာမှ နီစိမ်းဝါယိုမျိုးစုံလုပ်ငန်း
Dec 26,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ကျောက်ဆည်မြို့နယ်တွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (၃၈)ခု၊ စဉ့်ကိုင်မြို့နယ် တွင်လုပ်ငန်း(၂၀)ခု၊ တံတားဦး မြို့နယ်တွင် လုပ်ငန်း(၃၉)ခု၊ မြစ်သားမြို့နယ်တွင် လုပ်ငန်း(၆)ခု စုစုပေါင်းလုပ်ငန်း (၁၀၃)ခု လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၃ ခုနှစ်၊ တတိယအကြိမ်မြောက် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဆောင်းရာသီတံခွန်စိုက် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Dec 26,2023
၂၀၂၃ ခုနှစ်၊ တတိယအကြိမ်မြောက် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဆောင်းရာသီတံခွန်စိုက် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) (သုဝဏ္ဏ)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ရိုးရာခြင်းလုံးပြိုင်ပွဲဝင် အားကစားသမားများနှင့် နည်းပြများ၊ ရိုးရာခြင်းလုံးအားကစား ဝါသနာရှင် ပရိသတ်များနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7953
Page
7954
Page
7955
Page
7956
Current page
7957
Page
7958
Page
7959
Page
7960
Page
7961
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department