သတင်းများ

အင်းစိန်မြို့နယ်၌ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီတွေ့ဆုံပွဲ ကျင်းပ
Oct 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေဗဟုသုတများစွာ ရရှိနိုင်စေရန်နှင့် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီတွေ့ဆုံပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)ရုံး၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။
မုံရွာမြို့နယ် ကောရဗျကျေးရွာ၌ မိရိုးဖလာ လက်ရက်ကန်းလုပ်ငန်းခြင်းဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေ
Oct 13,2023
မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်နှင့် မြို့ပြနေပြည်သူများသည် စက်ရက်ကန်းမှ ထွက်ရှိသော ရက်ကန်းအဝတ်အထည်များကို ဈေးကွက်များ တွင် တွင်တွင်ကျယ်ကျယ် ဝယ်ယူရောင်းချ နေပါသော်လည်း မိရိုးဖလာ လက်ရက်ကန်း လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခြင်းဖြင့် မိသားစု စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း မုံရွာမြို့နယ် ကောရဗျကျေးရွာ မိရိုးဖလာ လက်ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားခဲ့ သည်။
အမာမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်၊ (ပ)နှစ်ဝက်ဆုံး တတ်‌မြောက်မှုစစ်‌ ဆေးခြင်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ‌စတင်ဖြေဆို
Oct 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄  ပညာသင်နှစ် (ပ)နှစ်ဝက်ဆုံး တတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲ မြန်မာစာဘာသာကို ယနေ့နံနက် ၉ နာရီမှ စ၍ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (လူထုအခြေပြု)ရာနှုန်းပြည့် အခမဲ့ထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Oct 13,2023
အသက် ၉ နှစ်မှ ၁၂ နှစ်မကျော်သော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(Human Papillona virus)(HPV) ထိုးနှံခြင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
Oct 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လက်ပံဇင်ကုန်းကျေးရွာအုပ်စု၊ လက်ပံဇင်ကုန်းကျေးရွာ သာသနဝေပုလ္လကျောင်းတိုက်တွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။
တံတားမြို့ ပန်းချောင်းကျေးရွာတွင် တိုင်းရင်းဆေးကုသဌာနမှ ပြည်သူများအားအခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး
Oct 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပန်းချောင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ တိုင်းရင်းဆေးကုဌာနမှ ပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့သည်။
အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Oct 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၁)နာရီအချိန်က စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
တိုက်ကြီးမြို့နယ်၌ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဆောင်ရွက်
Oct 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ပြည်သူများယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာ​ပေးခြင်းကို ယနေ့နံနက် ၈ နာရီက အိုးတန်းရပ်ကွက်၊ ရွှေဂျိုးဖြူခန်းမရှေ့တွင် အသိပညာပေးဆောင်ရွက်ကြောင်း သိရသည်။