သတင်းများ

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ
Dec 26,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနက ကြီးမှူးကျင်းပသော ဒေသတွင်းရှိ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ပါဝင်သည့်အသင်း (၈)သင်းအား (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနရှိ ပိုက်ကျော်ခြင်းကွင်း၌ ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် ပြည်တော်သာကျေးရွာတွင် လူသုံးကုန်ပစ္စည်များ၊ စားသောက်ကုန်ပစ္စည်းများအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်
Dec 26,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ပြည်သူများ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် ပတ်သတ်၍ အသိပညာဗဟုသုတများ ကြွယ်ဝစေရေး ပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က ပြည်တော်သာကျေးရွာ၊ ရွာလယ်ဓမ္မာရုံတွင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ အသိပညာပေးပွဲ ဟောပြောပွဲနှင့် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်မြို့သီတဂူဇီဝိတဒါန စက္ခုဒါနဆေးရုံ၌  ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများ၏ မျက်စိရောဂါဝေဒနာများအား အခမဲ့ ဆက်လက် စမ်းသပ် ခွဲစိတ် ကုသပေးနေမှုအား ကြည့်ရှုအားပေး
Dec 26,2023
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့ တပ်ပြင်ရပ် စပါးရွှေဝါလမ်းရှိ သီတဂူဇီဝိတဒါန, စက္ခုဒါနဆေးရုံတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ သီတဂူ ဆရာတော် ဦးဆောင်သည့် သီတဂူနယ်လှည့် မျက်စိအထူးကု ဆရာဝန်ကြီးများအဖွဲ့မှ မြိတ်ခရိုင်အတွင်းရှိ ရဟန်း၊ ရှင်၊ လူ ပြည်သူများ၏ မျက်စိရောဂါဝေဒနာရှင်များအား ယနေ့တွင်  ဆက်လက် စမ်းသပ်ခွဲစိတ်ကုသပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် အထိမ်းအမှတ်ပြခန်းများ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 26,2023
၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် အထိမ်းအမှတ်ပြခန်းများ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ လူမှုရေးရာဝန်ကြီးရုံးခန်း၌ ကျင်းပသည်။
ကြံခင်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုရှိ/မရှိ အသိပညာပေး စစ်ဆေးဆောင်ရွက်
Dec 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ပြည်သူများ ယာဉ်တိုက်မှုအန္တရာယ်မှ ကင်ဝေးစေရန် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများအား လိုက်နာခြင်းရှိ/မရှိ အသိပညာပေး စစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၈) နာရီအချိန်က ကြံခင်းမြို့ တလိုင်းကျေးရွာ၊ မြို့ဝင်ကားလမ်းမတွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ လွယ်(ပလန်)တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုခန်းမဖွင့်ပွဲ ကျင်းပ
Dec 26,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လွယ်(ပလန်)တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုခန်းမဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါခန်းမတွင် ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ လွယ်(ပလန်)တိုင်းရင်းသားအကြီးအကဲဦးဆမ်ယီနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ဆင်ပေါင်ဝဲမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းမှတ် သိကောင်းစရာများ အသိပညာပေးပိုစတားများအား မြေစိုက်နံရံကပ်ဘုတ်တွင် ပြသ
Dec 26,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းနေအရွယ်ကလေးများနှင့် ဒေသခံပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ရုံးရှေ့မြေစိုက် နံရံကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်အသစ်လဲလှယ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လယ် ၁နာရီအချိန်က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းမှတ် သိကောင်းစရာများ အသိပညာပေးပိုစတားများအား ရုံးရှေ့မြေစိုက်ဘုတ်တွင် ပြသဆောင်ရွက်ခဲ့သည်။   
ကျိုက်မရော၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပရေး ညှိနှိုင်းဆွေးနွေး
Dec 26,2023
၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိုနှိုင်းအစည်းဝေးကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။