သတင်းများ

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Dec 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်တက္ကသိုလ်တွင် ဖွင့်လှစ်သည့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုစာပေနှင့် အကသင်တန်းဖွင့်ပွဲသို့ တက်ရောက်
Dec 26,2023
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြိတ်တက္ကသိုလ်သို့ ရောက်ရှိခဲ့ကြပြီး တက္ကသိုလ်ဓမ္မာရုံ အချောသပ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်သည်များကို လမ်းညွှန်မှာကြား၍  ဘွဲ့နှင်းသဘင်ခန်းမ၌ ဖွင့်လှစ်သည့် တနင်္သာတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ ယဉ်ကျေးမှု၊ စာပေနှင့် အကသင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြသည်။
ပခုက္ကူမြို့နယ်တွင် ဇီဝဆိုင်ရာအချက်အလက်ကောက်ယူစိစစ်ပြီး ပြည်သူဦးရေ တစ်သောင်းရှစ်ထောင်ကျော်အား Unique ID နံပါတ်များ ထုတ်ပေးခဲ့ပြီးဖြစ်
Dec 26,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားတစ်ဦးချင်း၏ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူစိစစ်ခြင်းလုပ်ငန်းကို ၂၀၂၃ခုနှစ်၊ ဇွန်လ၂၀ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ပြည်သူဦးရေ တစ်သောင်းရှစ်ထောင်ကျော်တို့အား Unique ID နံပါတ်များ ထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ပူတာအိုခရိုင်၌ ၂၀၂၃-ခုနှစ် ခရစ်တော်မွေးနေ့အထိမ်းအမှတ် ခရစ္စမတ်ပွဲတော်ကျင်းပပြီးစီး
Dec 26,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ၂၀၂၃-ခုနှစ် ခရစ်တော်မွေးနေ့အထိမ်းအမှတ် ခရစ္စမတ်ပွဲတော်ကို ယခုလ လဆန်းပိုင်းမှ စတင်ပြီး ဂိုဏ်းဂဏအသီးသီးတွင် ကျင်းပလျက်ရှိရာ ဒီဇင်ဘာ (၂၅)ရက်နေ့တွင် ကျင်းပပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြပွဲကျင်းပ
Dec 26,2023
ပျော်ဘွယ်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မီးဘေးအန္တရာယ်သတိပြုကာကွယ်နိုင်ရန်အတွက် မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့(ခ)ရပ်ကွက် ကုန်သည်လမ်းတွင် စတုဒိသာ ကျွေးမွေးလှူဒါန်း
Dec 26,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များတွင် ပြည်သူများအနေဖြင့် တန်ဆောင်မုန်းလအတွင်း ကုသိုလ်တရားများ ရရှိစေရန် စေတနာရှင် အလှူရှင်များက မိမိရပ်ကွက်အတွင်းတွင် စတုဒိသာများ ကျွေးမွေးဧည့်ခံကြရာ ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်းဘွဲမြို့(ခ)ရပ်ကွက် ကုန်သည်လမ်းမကြီးဘေး၌ ကျွေးမွေးဧည့်ခံခဲ့ကြကြောင်း သိရသည်။
ရေဖြူဒေသ၌ ပထမရာသီချိန်တွင် ရော်ဘာဈေးတစ်ပေါင်လျှင် ၁၆၀၀ ကျပ်အထိ ဈေးကောင်းရရှိ
Dec 26,2023
ရေဖြူမြို့နယ်၌ ရော်ဘာခြံလုပ်ငန်းပထမ ရာသီချိန်တွင် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ရော်ဘာအပြားဈေးမှာ တစ်ပေါင်လျှင် ၁၆၀၀ ကျပ် အထိဈေးရနေကြောင်း ရော်ဘာခြံ လုပ်ငန်းရှင်တစ်ဦးကပြောသည်။
မန္တလေးမြို့ ဌာနဆိုင်ရာများသို့ မိုဘိုင်းရွေ့လျားယာဉ်ဖြင့် စာအုပ်၊ စာစောင်များ သွားရောက် ငှားရမ်း
Dec 26,2023
ပြည်သူများ စာပေဗဟုသုတရရှိစေရန်၊ မိမိတို့အားလပ်ချိန်ကို စာပေဖတ်ရှု့ခြင်းဖြင့် အသုံးချနိုင်စေရန်၊ စာအုပ်၊စာစောင်များကို အချိန်တိုအတွင်း လွယ်လင့်တကူ အဆင်ပြေစွာ ငှားရမ်းဖတ်ရှု နိုင်စေရန်၊ ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် တိုင်းစီမံကိန်းရုံးနှင့် ခရိုင်စီမံကိန်းရုံးရှိ အရာထမ်း၊ အမှုထမ်းနှင့် မိသားစုဝင်များအား သုတ/ရသ စာအုပ်စာစောင်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။