သတင်းများ

မိုးကုတ်မြို့ အမှတ်(၆၈)အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Oct 13,2023
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် အမှတ်(၆၈) အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မိုးကုတ်မြို့အနောက်ပိုင်း၊ ဂေါင်းဦးဘာရပ်ကွက်၊ အမှတ်(၆၈)အခြေခံပညာမူလတန်းကျောင်း၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အထောင် မူလတန်းကြိုကျောင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်
Oct 13,2023
ကလေးများ၏ ကာယ၊ ဉာဏ စွမ်းရည်များ ဘက်စုံ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးကြပ်၍ အထောင်မြို့၊ မူလတန်းကြိုကျောင်း၏ ကျောင်းမိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေး၊ ဥာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။
ရွာငံမြို့နယ်အတွင်းရှိ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူ‌ပေးနေမှုများအား ကွင်းဆင်းကြည့်ရှု
Oct 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက်များကောင်ယူပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့များက ယမန်နေ့ နံနက် (၁၀)နာရီခွဲက ဈေးတန်းရပ်ကွက်ရှိ မြို့ဦးမင်္ဂလာကျောင်းကြီး၌ ကွင်းဆင်းကြည့်ရှု‌ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက်(၂၅) နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားရရှိခဲ့သည့် မြို့နယ်လက်ရွေးစင် ပိုက်ကျော် ခြင်းအသင်းနှင့် U-12 မြန်မာ့လက်ရွေးစင် မောင်ဇင်မင်းမြတ်သူအား ဂုဏ်ပြုပွဲကျင်းပ
Oct 13,2023
၂၀၂၃ ခုနှစ် မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၅) နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားရရှိခဲ့သည့် မြို့နယ်လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ ခရိုင်အားကစားကွင်း၌ ကျင်းပခဲ့သည်။
သာစည်မြို့နယ်တွင် စားသုံးဆီများဈေးနှုန်းသက်သာစွာဖြင့် ကျေးရွာများအထိ ဆက်လက်ရောင်းချပေး
Oct 13,2023
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် မိတ္ထီလာဆီကုန်သည်ကြီးများအသင်းတို့နှင့် ချိတ်ဆက်ကာ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများ၌ စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများအား ရောင်းချပေးလျက်ရှိရာ ယနေ့တွင်ဆီပိဿာချိန် ၂၇၅၀ ကိုကျေးရွာ များနှင့်မြို့ပေါ်ပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၁:၀၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆည်တော်ကြီး ဆည်ရေထုတ်လွှတ်မှုကြောင့် ချောင်းမကြီးချောင်း အနီးရှိကျေးရွာများရေဝင်ရောက်ပြီး မန္တလေး-မိုးကုတ် ကားလမ်းရေကျော်
Oct 13,2023
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံတွင် ယမန်နေ့က ရေဝင်ရောက်မှုများပြားလာသည့်အတွက် ရေထိန်းညှိလျှော့ချခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ချောင်းမကြီး အနီးရှိကျေးရွာများ ရေဝင်ရောက်ပြီး မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင်အမှတ် ၂၄/၄နှင့် ၅ ကြားတွင် ရေကျော်လျက်ရှိကြောင်း သိရသည်။
ကော့ကရိတ်မြို့ ၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော
Oct 13,2023
ကရင်ပြည်နယ်​ ကော့ကရိတ်ခရိုင် ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယ​နေ့နံနက်၁၀ နာရီချိန်က ကျောင်းသူကျောင်းသားများကို ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတ ရရှိစေရေး ရည်ရွယ်၍ သဘာဝ​ဘေးအန္တရာယ် ကြိုတင်ကာကွယ်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။