ပဲခူး ဒီဇင်ဘာ ၂၃
၂၀၂၂ခုနှစ် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု၊ ဆုနှစ်ဆုရရှိခဲ့သည့် စာရေးဆရာမကြီး ဒေါ်ခင်ဝတ်ရည် (ဝတ်ရည်ခင်-ပဲခူး)အား ပဲခူးတိုင်းဒေသကြီး(အရှေ့) မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊ ပဲခူးတိုင်းဒေသကြီးစာကြည့်တိုက်များဖောင်ဒေးရှင်း၊ ပဲခူးတိုင်းဒေသကြီးမြန်မာ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းနှင့် ပဲခူးမြို့နယ်စာရေးဆရာအသင်းတို့မှ ထပ်ဆင့်ဂုဏ်ပြုခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်၊ ချမ်းမြေ့ဇေယျာသာမဏေကျော်တက္ကသိုလ် ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းအောင် တက်ရောက် ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး (အရှေ့)မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဒုတိယဥက္ကဋ္ဌ၊ ပဲခူးမြို့နယ်စာရေးဆရာအသင်း ဘဏ္ဍာရေးမှူး စာရေးဆရာမဒေါ်နွယ်နီဝင်း(မေတ္တာမိုးနှင်း-ပဲခူး)က ဂုဏ်ပြုအမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဦးစောလင်းအောင်က ဂုဏ်ပြုပန်းခြင်းပေးအပ်ချီးမြှင့်သည်။
ထို့နောက် ၂၀၂၂ခုနှစ် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု၊ ဆုနှစ်ဆုရရှိခဲ့သည့် စာရေး ဆရာမကြီးဒေါ်ခင်ဝတ်ရည် (ဝတ်ရည်ခင်-ပဲခူး)အား ပဲခူးတိုင်းဒေသကြီးစာကြည့်တိုက်များ ဖောင်ဒေးရှင်း အတွင်းရေးမှူးဦးကျော်မင်းနိုင်၊ ပဲခူးတိုင်းဒေသကြီးမြန်မာအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဒုက္ကဋ္ဌ ဒေါ်စိန်စိန်လှိုင်နှင့်အတွင်းရေးမှူးဒေါ်ဝါဝါမြင့်၊ ပဲခူးမြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူးဦးထိန်လင်း(လင်းအရုဏ်ဦး-ပဲခူး)၊ ပဲခူးတိုင်း ဒေသကြီး (အရှေ့)မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဒုတိယဥက္ကဋ္ဌဒေါ်နွယ်နီဝင်းတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ကြပြီး ၂၀၂၂ခုနှစ် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု၊ ဆုနှစ်ဆုရရှိခဲ့သည့် စာရေးဆရာမကြီးဒေါ်ခင်ဝတ်ရည် (ဝတ်ရည်ခင်-ပဲခူး)က ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ တိုင်းရင်းသားရေးသားဝန်ကြီးနှင့် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
စာရေးဆရာမဒေါ်ခင်ဝတ်ရည် (ဝတ်ရည်ခင်-ပဲခူး)သည် ပဲခူးတိုင်းဒေသကြီး(အရှေ့) မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊ ပဲခူးတိုင်းဒေသကြီးစာကြည့်တိုက်များဖောင်ဒေးရှင်း၊ ပဲခူးတိုင်းဒေသကြီးမြန်မာအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းနှင့် ပဲခူးမြို့နယ် စာရေးဆရာအသင်းတို့တွင် ဥက္ကဋ္ဌအဖြစ် တာဝန်များထမ်းဆောင်လျက်ရှိပြီး ၂၀၂၂ ခုနှစ်အတွက် "မြန်မာ့မေတ္တာစွမ်းကမ္ဘာသို့လွှမ်းစေရမည်နှင့် ကလေးဝတ္ထုတိုများ"စာအုပ်ဖြင့် "အမျိုးသား စာပေဆု"၊ "ဝတ်မှုန်ကူးချိန်"ဝတ္ထုရှည်ဖြင့်"စာပေဗိမာန်စာမူဆု"၊ ဆုနှစ်ဆုတို့ကို ရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)