ဒေးဒရဲမြို့၌ ဒီဇင်ဘာလ (စတုတ္ထပတ်)  လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်ကာယလေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်

ဒေးဒရဲ ဒီဇင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက တစ်မျိုးသားလုံး ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရေးအတွက် ဒီဇင်ဘာလ(စတုတ္ထပတ်)  လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် (၆)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့က စတင်၍ ဒေးဒရဲ- ဖျာပုံကားလမ်းမတစ်လျှောက် စုပေါင်းလမ်းလျှောက်ပွဲကို ပျော်ပျော်ပါးပါး စုပေါင်းဆင်နွှဲခဲ့ကြသည်။

အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများက ဒီဇင်ဘာလ  လူထုစုပေါင်းလမ်းလျှောက်ပွဲကို ပျော်ပျော်ပါးပါးဆင်နွှဲခဲ့ကြပြီး လမ်းလျှောက်ပွဲအပြီးတွင် မြို့မဘောလုံးကွင်းအတွင်း၌ ကိုယ်ကာယလေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေဇာလင်း