မြောင်းမြ ဒီဇင်ဘာ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အခြေခံပညာ မူလတန်းအဆင့် Grade-5 (သင်ရိုးသစ်) သင်တန်းတက်ရောက်ရန်ရှိသော ဆရာ၊ ဆရာမများအား မြို့နယ်အဆင့် နောက်ဆက်တွဲသင်တန်းဖွင့်ပွဲအခမ်းအနားကို အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ယနေ့နံနက် (၈:၃၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောင်းမြမြို့နယ် ပညာရေးမှူး ဆရာကြီးဦးမြင့်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဆရာ ဦးကျော်ဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဆရာဦးကျော်ကျော်အောင်က သင်တန်းစည်းကမ်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ (၁၂) ဦးက ဆရာ၊ ဆရာမ စုစုပေါင်း (၂၃၈) ဦးတို့ကို ဒီဇင်ဘာလ(၂၃) ရက်နေ့မှ ဒီဇင်ဘာလ (၂၆) ရက်နေ့အထိ (၄) ရက်ကြာ သင်ကြားပို့သွားမည်ဖြစ်ကြောင်းသိရသည်။
ဇေယျာ(ပြန်/ဆက်)